Vietnam

ဗီယက်နမ်နိုင်ငံသည် ပထမနှစ်ဝက်အတွင်း ဝါချည်တင်သွင်းခြင်းအတွက် အမေရိကန်ဒေါ်လာ ၁.၅၃ ဘီလီယံ သုံးစွဲ

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၁.၅၃ ဘီလီယံ တန်ဖိုးရှိ ဝါဂွမ်းတန်ချိန် ၇၆၆,၀၀၀ တင်သွင်းခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေ စာရင်းရုံး၏ နောက်ဆုံးရ သတင်းများအရ သိရှိရပါသည်။

 ပြန်လည်သုံးသပ်သည့်ကာလအတွင်း တင်သွင်းသည့်ဈေးနှုန်းမှာ တစ်တန်လျှင် ပျမ်းမျှ ၁,၉၉၅.၅ ဒေါ်လာဖြစ်ကြောင်း ဖော်ပြထားပါသည်။

 ဗီယက်နမ်နိုင်ငံသည် ဈေးကွက် ၁၁ ခုမှ ဝါဂွမ်းကို အဓိကတင်သွင်းနေပြီး ထိပ်ဆုံး ၄ နိုင်ငံ မှာ ဘရာဇီး (ဒေါ်လာ ၄၄၃ သန်း)၊ အမေရိကန် (ဒေါ်လာ သန်း ၄၀၀)၊ သြစတြေးလျ (ဒေါ်လာ ၁၉၆ သန်း) နှင့် အိန္ဒိယ (ဒေါ်လာ ၁၉၆ သန်း) တို့ဖြစ်သည်။

ပါကစ္စတန်မှ ချည်တင်သွင်းမှုသည် ယခုနှစ်ပထမ ၅ လတွင် ၅,၁၈၆ တန်အထိ တိုးမြင့် လာခဲ့ပြီး အဆိုပါကာလအတွင်းတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၀.၂ သန်းမှ ၉.၁ သန်းအထိ တိုးလာခဲ့သည်။ တစ်ချိန်တည်းတွင် ကိုရီးယားသမ္မတနိုင်ငံမှ တင်သွင်းမှုသည် ၃၂၄ တန် ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံမှ တင်သွင်းသော ချည်ဈေးမှာ တစ်တန်လျှင် ပျမ်းမျှ ဒေါ်လာ ၃,၈၃၂.၃ ရှိပြီး အမြင့်ဆုံးဖြစ်သည်။ ၎င်းနောက်တွင် ကိုရီးယားသမ္မတနိုင်ငံသည် တစ်တန်လျှင် ၂,၁၇၉ ဒေါ်လာ၊ အမေရိကန်သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂,၀၉၈ နှင့် သြစတြေးလျနိုင်ငံသည် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၂,၀၉၂ ဖြင့် အသီးသီးတင်ပို့ခဲ့ကြသည်။ အင်ဒိုနီးရှားမှ တင်သွင်းသော ချည်သည် အနိမ့်ဆုံးဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၃၆၀ ဖြစ်ကြောင်း သိရှိရ ပါသည်။

 ဗီယက်နမ်သည် အထည်အလိပ်လုပ်ငန်းအတွက် နှစ်စဉ် ဝါဂွမ်း တင်သွင်းမှုသည် တန်ချိန် ၁.၅ သန်းခန့် ရှိပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ချည်တင်သွင်းသူဖြစ်သည်။ ဗီယက်နမ် နိုင်ငံသည် တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်ပြီးလျှင် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက်အကြီးဆုံး အထည် အလိပ်လုပ်ငန်းနှင့် တတိယအကြီးဆုံး အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ ဖြစ်သည်။

ဗီယက်နမ်အထည်အလိပ်နှင့် အထည်အလိပ်အသင်း၏အဆိုအရ ပြည်တွင်းချည် ထုတ်လုပ်မှုသည် အထည်အလိပ် ကဏ္ဍလိုအပ်ချက်၏ ၁ ရာခိုင်နှုန်း၊ ချည် ၃၀ ရာခိုင်နှုန်းနှင့် အထည်အလိပ် ၂၀ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနိုင်ကြောင်း သိရှိရပါသည်။ ဝယ်လိုအား ပြန်လည်ကောင်းမွန်လာသော်လည်း အထွက်နှုန်း ကျဆင်းမှုကြောင့် ကမ္ဘာ့ချည်ဈေး သည် ၂၀၂၄ ခုနှစ်တွင်ပိုမိုမြင့်မားလာမည်ဟုမျှော်လင့်ရကြောင်း  နိုင်ငံတကာ ချည်အကြံပေးကော်မတီက ခန့်မှန်းထားသည်ဟု ဖော်ပြထားပါသည်။

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam