Vietnam

ဗီယက်နမ်နိုင်ငံတွင် ပထမနှစ်ဝက်အတွင်း တစ်ဦးချင်းပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများထံမှ E-commerce ခွန်ကောက်ခံမှုသည် အမေရိကန်ဒေါ်လာ ၃၉၂ သန်းအထိ ရရှိ

Last Updated:

၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း ပြည်တွင်း၌ တဦးချင်းပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းပေါင်း ၄၃,၀၀၀ နီးပါးက ဆောင်ရွက်သည့် e-commerce လုပ်ငန်းများအပေါ် အခွန်ကောက်ခံ ရရှိမှုသည် ဗီယက်နမ်ဒေါင် ၁၀ ထရီလီယံ နီးပါးအထိ ရှိလာခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

 အဆိုပါ ကိန်းဂဏန်းသည် တစ်နှစ်ထက်တစ်နှစ် ၅၃.၅ ရာခိုင်နှုန်းတိုးလာကြောင်း၊ Metric ၏ အစီရင်ခံစာအရ ယခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း e-commerce ပလပ်ဖောင်း ၅ ခု၏ စုစုပေါင်းဝင်ငွေသည် ဗီယက်နမ်ဒေါင် ၁၅၆ ထရီလီယံ ရှိပြီး တစ်နှစ်ထက် တစ်နှစ် ၇၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ဒုတိယသုံးလပတ်တစ်ခုတည်းတွင် Shopee၊ Lazada၊ Tiki၊ Sendo နှင့် Tiktok Shop အပါအဝင် ပလပ်ဖောင်းများမှ ဗီယက်နမ်ဒေါင် ၈၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၃၃ဘီလီယံ) ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

 E-commerce လုပ်ငန်းဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်း ၃၈၃ ခုသည် အခွန်ဌာန၏ ပေါ်တယ်သို့ ၎င်းတို့၏ ပလပ်ဖောင်းများပေါ်မှတစ်ဆင့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ ပံ့ပိုးပေးခဲ့ကြပြီး စည်းမျဉ်းစည်းကမ်းအတိုင်း ပေးဆောင်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အခွန် ဦးစီးဌာနမှ ဖော်ပြထားပါသည်။

 

Source: Vietnam economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်

Category: Vietnam