Vietnam

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ပြည်ပသို့ အလုပ်သမား ၇၈,၆၀၀ ကျော် စေလွှတ်

Last Updated:

 ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၆ လအတွင်း ပြည်ပသို့ အလုပ်သမား၇၈,၆၀၀ ကျော် စေလွှတ်ခဲ့ပြီး နှစ်စဉ်စီမံကိန်း၏ ၆၂.၉၁ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း အလုပ်သမား၊ မသန်စွမ်းသူများနှင့်လူမှုရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်ပအလုပ်သမားရေးရာဌာန (MoLISA) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

 အဆိုပါ ကာလအတွင်း ဂျပန်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ အလုပ်သမား ၄၀,၅၉၆ ဦး စေလွှတ်ခဲ့ပြီး ဂျပန်နိုင်ငံသည် ထိပ်တန်းအလုပ်သမားတင်ပို့ရသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ထိုင်ဝမ်သို့ ၂၇,၈၃၇ ဦးနှင့် တောင်ကိုရီးယားသို့ ၅,၅၈၂ ဦး စေလွှတ်ခဲ့ကြောင်း အစိုးရသတင်း၌ ဖော်ပြခဲ့သည်။

 ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ဗီယက်နမ် အလုပ်သမားဦးရေသည် နှစ်စဉ်ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရှိရပါသည်။

 ဗီယက်နမ်နိုင်ငံ ပြည်ပအလုပ်သမားရေးရာဌာနအနေဖြင့် ယခုနှစ်အတွင်း ပြည်ပသို့ ဗီယက်နမ် အလုပ်သမား ၁၂၅,၀၀၀ စေလွှတ်ရန် ရည်မှန်းထားပြီး လက်ရှိတွင် ဗီယက်နမ် အလုပ်သမား ၆၀,၀၀၀ ကျော်သည် နိုင်ငံနှင့်နယ်မြေ ၅၀ တွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

Source : VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam