Phillippines

ဖိလစ်ပိုင်နိုင်ငံသည် ပြောင်းနှင့် ပိန်းဥ တို့အား ပြည်တွင်းရိက္ခာဖူလုံမှုရှိစေရန် ဆောင်ရွက်လျက်ရှိ

Last Updated:

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနသည် ပြောင်းနှင့်ပိန်းဥတို့အား ပြည်တွင်းဖူလုံမှုရှိစေရန်နှင့် အထွက်နှုန်းတိုးစေရန် ရည်ရွယ်ပြီး National Corn Program အတွက် ပီဆို ၅.၃၁ ဘီလီယံအား ဘတ်ဂျက်ခွဲဝေချထားပေးရန်အဆိုပြုတင်ပြခဲ့ပါသည်။ အဆိုပါအစီအစဉ်မှ အရည်အသွေးမြင့် စိုက်ပျိုး ရေးသုံးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးပေးခြင်း၊ ဓာတ်မြေဩဇာများဝယ်ယူခြင်း၊ စိုက်ပျိုးရေးနည်းပညာ များ သင်ကြားပို့ချပေးခြင်း၊ ရိတ်သိမ်းပြီးချိန်စက်ပစ္စည်းများ နှင့် ရေသွင်းစနစ်တို့ကို တောင်သူများ အတွက် ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းလိုအပ်ချက်၏ အနည်းဆုံး ၈၁% ခန့်ထိ ဖြည့်ဆည်းပေးနိုင် ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ ပြောင်းဝါ (Yellow Corn)  အထွက်နှုန်းအား တစ်ဟက်တာလျှင် ၅.၁၇ မက်ထရစ်တန် ၊ ပြောင်းဖြူ (White Corn) အား ၂.၂၉ မက်ထရစ်တန်နှင့် ပိန်းဥအား ၁၁.၇၃ မက်ထရစ်တန် တိုးမြင့်ထွက်ရှိရန် အစီအစဉ်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ပြောင်းနှင့်ပိန်းဥတို့သည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အရေးပါသည့် ဆက်စပ် ကုန်စည်များဖြစ်ပြီး အစားအစာနှင့် တိရစ္ဆာန်အစာ နှစ်မျိုးစလုံးတွင် အသုံးပြုလျက်ရှိပါသည်။ Corn Production Enhancement Project အားပြောင်းထုတ်လုပ်မှုတိုးမြင့်စေရန်၊ ဝင်ငွေမြင့်မားလာစေရန် တို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး တောင်သူများအတွက် လိုအပ်သော အရည်အသွေးကောင်းမွန် သည့် ဓာတ်မြေဩဇာများနှင့် မျိုးစေ့များကို ထောက်ပံ့ပေးသွားမည်လည်း ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ကိန်းဂဏန်အချက်အလက်များအရ ပြောင်းမျိုးစေ့ ၁,၇၀၀ မက်ထရစ် တန်ကျော်၊ ပိန်းဥမျိုးစေ့ ၂.၉ သန်းနီးပါး၊ ဓာတ်မြေဩဇာ ၆,၀၀၀ မက်ထရစ်တန်နီးပါး ဖြန့်ဖြူးပေးပြီး ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနသည် Philippines Maize Federation Inc. (Philmaize) နှင့်ပူးပေါင်း၍ Corn Congress ကိုကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်း ပြောင်းစိုက်ပျိုးထုတ်လုပ်ရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြော ကြားခဲ့ပါသည်။

ထို့ပြင် ပြောင်းလုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်မှု ကျဆင်းလာခြင်း၊ ဈေးနှုန်းများ ကျဆင်းခြင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ အကန့်အသတ်ဖြင့်သာ ရရှိခြင်း၊ ရိတ်သိမ်းပြီးချိန် သိုလှောင်သိမ်း ဆည်းနိုင်သည့် အခြေခံအဆာက်အအုံများ လိုအပ်ခြင်း တို့ကိုလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများမှလည်း ဆွေးနွေးပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Philmaize နှင့် White Corn Technical Committee တို့ပူးပေါင်းရေးဆွဲထားသည့် Philippines White Corn Industry Roadmap 2024-2029 နှင့်သက်ဆိုင်သည့် အထောက်အထား၊ စာရွက်စာတမ်းတို့ကို စိုက်ပျိုးရေးဝန်ကြီးဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ အဆိုပါအစီအစဉ်အရ ဈေးကွက်တွင်း ပြောင်းဖြူစားသုံးမှုတိုးမြင့်စေရန်နှင့် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိစေရန် ရည်ရွယ်ရေးဆွဲ ထားသည့်အစီအစဉ်တစ်ရပ်ဖြစ်ပါသည်။

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines