Russia

ရုရှားနှင့် မြန်မာနိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် ခရီးသွားလာမှုကို ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းတွင် စတင်နိုင်မည်

Last Updated:

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်အစတွင်ရုရှားနှင့် မြန်မာ ကြား ဗီဇာကင်းလွတ်ခွင့်စနစ်ကို စတင်နိုင်ရန် စီစဉ်နေကြောင်း ယင်းဝန်ကြီးဌာန၏ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အထူးစီမံကိန်းများဌာန အကြီးအကဲ Mr. Nikita Kondratyev က ပြောကြားခဲ့သည်။

ရုရှား-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြီးဆုံးသွား ပြီဖြစ်ပြီး လာမည့်နှစ် အစပိုင်းတွင်ယင်းလုပ်ငန်းစဉ်များ၏ သဘောတူညီချက်ကို လက်မှတ်ရေး ထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ သွားရောက်မည့် ရုရှားနိုင်ငံသားများအတွက် ဗီဇာ ကင်းလွတ်ခွင့်စနစ်ကို မြန်မာနိုင်ငံဘက်က တစ်ဖက်သတ်ပေးအပ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက TASS သတင်းဌာနနှင့် အင်တာဗျူးတွင် မြန်မာ- ရုရှား နှစ်နိုင်ငံ နိုင်ငံသားများဗီဇာကင်း လွတ်ခွင့်စနစ်ဖြင့် ခရီးသွားလာနိုင်ရေးအတွက် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။

မြန်မာ-ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေ ရန်အတွက် မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲခြင်းကို မြန်မာအမျိုးသား လေကြောင်း လိုင်း(MAI)မှ ရန်ကုန်-မန္တလေး-နိုဗိုစီဗစ် ခရီးစဉ်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

Source : https://tass.ru/ekonomika/22594753

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia