USA

အမေရိကန်မူဝါဒအပြောင်းအလဲကြောင့် အာရှနိုင်ငံများကိုအန္တရာယ်ဖြစ်စေနိုင်ဟု အာရှဖွံ့ဖြိုးရေး ဘဏ်က ပြောကြားခဲ့

Last Updated:

အာရှနိုင်ငံများ၏စီးပွားရေးသည် တိုးတက်လျက်ရှိသော်လည်း စီးပွားရေးတိုးနှုန်းမှာ နှေးကွေးကြောင်း၊ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် မူဝါဒအပြောင်းအလဲများကြောင့် အာရှ နိုင်ငံများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank, ADB) က ပြောကြား ခဲ့ပါသည်။

အာရှနိုင်ငံများတွင် စားသုံးမှုနှင့် ပို့ကုန်တင်ပို့မှုလျော့ကျခြင်းကြောင့် တတိယလေးလပတ် အတွင်း စီးပွားရေးနှေးကွေးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ ဒီဇင်ဘာလ အစီရင်ခံစာထုတ်ပြန် သည့် အချိန်အထိ စီးပွားရေးတိုးနှုန်းသည် (၀.၅) ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံ(၄၆)နိုင်ငံပါဝင်သည့် ဖွံ့ဖြိုးဆဲအာရှနိုင်ငံများ (Developing Asia) ၏ ဂျီဒီပီတိုးနှုန်းသည် (၄.၉) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ရာ ယင်းခန့်မှန်းချက်သည် စက်တင်ဘာလ ခန့်မှန်းချက်အောက် လျော့နည်းကြောင်း၊ အာဆီယံနိုင်ငံ များ၏ စီးပွားရေးခိုင်မာအားကောင်းလာသော်လည်း အိန္ဒိယနှင့် တရုတ်နိုင်ငံကဲ့သို့သော စီးပွားရေး အင်အားကြီးနိုင်ငံများ၏ စီးပွားရေးအခြေအနေသည် အရှိန်လျော့ကျလာခဲ့ကြောင်း၊ အာရှဒေသ အတွင်း ငွေကြေးဖောင်းပွမှုသည် တည်ငြိမ်လျက်ရှိပြီး ဗဟိုဘဏ်များကလည်း ငွေကြေးမူဝါဒများ ကို ဖြေလျော့ခဲ့ကြကြောင်း၊ ဒေါ်နယ်ထရမ့် လက်ထက်တွင် ဈေးနှုန်းများအပေါ် သက်ရောက်စေ နိုင်သည့် အမေရိကန်နိုင်ငံ၏မူဝါဒဆိုင်ရာ ဖိအားများကြောင့် အာရှနိုင်ငံများသည် အန္တရာယ်နှင့် ကြုံတွေ့နိုင်ကြောင်း၊ ဒေါ်နယ်ထရမ့်၏ တရုတ် နှင့် အခြားနိုင်ငံများအပေါ်အကောက်ခွန်တိုးမြှင့်မှု၊ ဘဏ္ဍာရေးနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများ တင်းကျပ်မှုကြောင့် သိသာသည့်ပြောင်းလဲမှုများ ကြုံတွေ့ရနိုင်သော်လည်း ယင်းသို့ ပြောင်းလဲမှုသည် အာရှနိုင်ငံများတွင် ၂၀၂၅ ခုနှစ်ကုန်မှသာ စတင်ဖြစ်လာနိုင်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်းမပြုမီ အမေရိကန်နိုင်ငံမှ သွင်းကုန်များပိုမိုတင်သွင်းခြင်းကြောင့် တိုးတက်မှု ပို၍မြင့်တက်လာနိုင် ကြောင်း၊  သို့ရာတွင် အကောက်ခွန်တိုးမြှင့်မှုကို မြန်မြန်ဆန်ဆန်အကောင် အထည်ဖော်ပါက အာရှနိုင်ငံများအပေါ် ထိခိုက်မှု ပိုမိုမြန်ဆန်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါသည်။

အာရှနိုင်ငံများသည် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း အကောက် ခွန် တိုးမြှင့်သတ်မှတ်မှုကို ကြုံတွေ့ခဲ့ပြီးဖြစ်ရာ ယခုဒုတိယအကြိမ်တွင် ပို၍ခံနိုင်စွမ်းရှိလာမည်ဖြစ် ကြောင်း၊ Natixis CIB ၏စီးပွားရေးပညာရှင်တစ်ဦးက ဒေါ်နယ်ထရမ့်၏မူဝါဒများသည် မဲဆွယ်စည်းရုံးမှုများတွင် ပြောကြားခဲ့သည်နှင့်ကွာခြားနိုင်ပြီး ငွေကြေးဖောင်းပွမှုကို မှန်းဆသည် ထက် ပို၍မြင့်မား စေသည့်မူဝါဒများဖြစ်ပါက အာရှနိုင်ငံများအပေါ် ထိခိုက်မှုပိုများနိုင်ကြောင်း၊ ထိခိုက်မှု ပိုများစေသည့် အခြားအချက်တစ်ခုမှာ ပထဝီနိုင်ငံရေးအခြေအနေဖြစ်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ပြိုင်ဆိုင်မှုပိုမိုပြင်းထန်ခြင်းနှင့် ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံတစ်နိုင်ငံ တည်း အပေါ်သာ အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံပါက အခြားအာရှနိုင်ငံ bများ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့် ချိတ်ဆက်မှု ပိုမိုအားကောင်းသည့် နိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတို့တွင် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါသည်။ 

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

 

 

Category: USA