ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန်တိုးမြှင့်ကောက်ခံမှုအပါအဝင် အခြား သောမူဝါဒဆိုင်ရာ အကျိုးဆက်များကြောင့် အမေရိကန်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် ယခင်လ အတွင်း နှေးကွေးလာခဲ့ပါသည်။
အမေရိကန်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသုတေသနအဖွဲ့ Institute for Supply Management (ISM)၏ အချက်အလက်များအရ ဝန်ဆောင်မှုကဏ္ဍအညွှန်းကိန်းသည် အောက်တိုဘာလတွင် (၅၆.၀) ရှိခဲ့ရာမှ နိုဝင်ဘာလတွင် (၅၂.၁) သို့ ကျဆင်းသွားခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍ အညွှန်းကိန်းကို တိုင်းတာသည့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု၊ ပစ္စည်းမှာယူမှု (Orders)၊ အလုပ်အကိုင်ခန့်ထားမှုနှင့် ပစ္စည်းပို့ဆောင်မှုစသည့် ညွှန်းကိန်း (၄)ခုလုံးမှာ ကျဆင်း သွားခဲ့သည်ဟု ISM သုတေသနအဖွဲ့ဥက္ကဋ္ဌ Mr. Steve Miller က ပြောကြားခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍကျဆင်းခဲ့သော်လည်း အခြားကဏ္ဍများ မှာ တိုးတက်လျက်ရှိနေသဖြင့် ဝန်ဆောင်မှုကဏ္ဍ ပြန်၍တိုးတက်နိုင်သည့်အလားအလာရှိကြောင်း၊ ရွေးကောက်ပွဲရလဒ်ထွက် ပေါ်ခဲ့ပြီးနောက် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံမည်ဆိုသည့်အချက်ကြောင့်လည်း ယင်းကဏ္ဍအပေါ် မမျှော်လင့်သည့်သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု သုတေသနတွေ့ရှိချက်အရ သိရှိပါကြောင်း တင်ပြအပ်ပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။