USA

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အလုပ်အကိုင်ပေါင်း (၂၂၇,၀၀၀) အထိ ဖန်တီးနိုင်ခဲ့

Last Updated:

အလုပ်သမားဝန်ကြီးဌာန၏ ၆-၁၂-၂၀၂၄ ရက် ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ တွင် အလုပ်အကိုင်ပေါင်း (၂၂၇,၀၀၀) အထိ ဖန်တီးပေးနိုင်ခဲ့သည်ဟု သိရှိရပါသည်။ အလုပ် လက်မဲ့နှုန်းသည် အောက်တိုဘာလတွင် (၄.၁) ရာခိုင်နှုန်းမှ နိုဝင်ဘာလတွင် (၄.၂) ရာခိုင်နှုန်းသို့ တိုးလာခဲ့ကြောင်း၊ အောက်တိုဘာလအလုပ်သမားဈေးကွက်သည် ဟာရီကိန်းမုန်တိုင်း တိုက်ခတ် မှုနှင့် ဘိုအင်းလေယာဉ်ကုမ္ပဏီ၏ အလုပ်သမားဆန္ဒပြမှုများကြောင့် ကျဆင်းခဲ့သော်လည်း နိုဝင်ဘာလတွင် အလုပ်ကိုင်ဈေးကွက်ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ တစ်နာရီပျမ်းမျှ လုပ်အား ခ သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ယခင်နှစ်ကာလတူထက် (၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရှိရပါသည်။

အလုပ်အကိုင်ခန့်ထားမှုတိုးလာခြင်းသည် အပန်းဖြေနှင့်ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတွင် အလုပ်အကိုင်အရေအတွက် (၅၃,၀၀၀)၊ ကျန်းမာရေးစောင့်ရောက်မှုလုပ်ငန်းများ၌ အလုပ်အကိုင် အရေအတွက် (၅၄,၀၀၀)၊ ပို့ဆောင်ရေးလုပ်ငန်းသုံးပစ္စည်းများထုတ်လုပ်သည့်ကဏ္ဍတွင် အလုပ် အကိုင် (၃၂,၀၀၀) နှင့် လက်လီရောင်းချမှုကဏ္ဍ၌ အလုပ်အကိုင် (၂၈,၀၀၀) အသီးသီး တိုးလာ၍ ဖြစ်ကြောင်း၊ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏သမ္မတသက်တမ်းအတွင်း လူဝင်မှု ကြီးကြပ်ရေးကို ဖိအားပေးကိုင်တွယ်မည်ဖြစ်၍ ၎င်းလက်ထက်တွင် အလုပ်အကိုင်ခန့်ထားမှု အခြေအနေကို ခန့်မှန်းနိုင်ရန် မသေချာကြောင်း၊ စီးပွားရေးတိုးတက်ပါက အလုပ်အကိုင်ဈေးကွက် ကောင်းမွန်လာနိုင်ကြောင်း၊ ယခင်နှစ်များအတွင်း အသက် ၂၅ နှစ်မှ ၅၄ နှစ်အတွင်းရှိ လုပ်သား များ၏ အလုပ်ခွင်ဝင်ရောက်နှုန်းသည် ၂၀၀၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ တရားမဝင်ရွှေ့ပြောင်းလုပ်သားများသည် အမေရိကန်အလုပ်အကိုင် ဈေးကွက်အတွက် အရေးပါသည့် လုပ်သားရင်းမြစ်တစ်ခုဖြစ်လာခဲ့ကြောင်း၊ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက အမေရိကန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူများအား ခိုလှုံခွင့်လျှောက်ထားခြင်းကို ငြင်းပယ်သည့်အမိန့်အား ၂၀၂၄ ခုနှစ်၊ ဇွန်လတွင်ထုတ်ပြန်ခဲ့ရာ ၂၀၂၄ ခုနှစ် နွေရာသီမှစ၍ အမေရိကန်နိုင်ငံသို့ လုပ်သားများ ဝင်ရောက်မှုသည် သိသာစွာကျဆင်းသွားခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန် နိုင်ငံသို့ အနောက်တောင်နယ်စပ်မှ တရားမဝင်ဖြတ်သန်း ဝင်ရောက်ခဲ့သူပေါင်း (၁၀၆,၃၄၄) ရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင် ဦးရေ (၂၄၀,၉၂၇) ရှိခဲ့သဖြင့် များစွာကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ အလုပ်အကိုင်အခွင့်အလမ်း၊ အလုပ်ခန့်ထားမှုနှင့် အလုပ်မှနုတ်ထွက်မှု သုတေသသနအရ  အမေရိကန်နိုင်ငံ၏ အလုပ်အကိုင်အခွင့် အလမ်းဖန်တီး ပေးနိုင်မှုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ  စက်တင်ဘာလအထိ (၇.၄) သန်းရှိခဲ့ရာမှ အောက်တိုဘာလ ကုန်တွင် (၇.၇) သန်းသို့တိုးလာခဲ့ကြောင်း၊ အမှန်တကယ်အလုပ်ခန့်ထားသည့်အရေအတွက်မှာ (၅.၃) သန်းရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏အလုပ်လျှော့ချမှုနှုန်းမှာလည်း စက်တင်ဘာလ တွင် (၁.၈) သန်းရှိခဲ့ရာမှ အောက်တိုဘာလတွင် (၁.၆) သန်းသို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

 

Category: USA