USA

ငွေကြေးဖောင်းပွမှုတိုးလာခြင်းသည် ဒေါ်နယ်ထရမ့်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်

Last Updated:

အမေရိကန်နိုင်ငံသည် ငွေကြေးဖောင်းပွမှုလျော့ကျအောင် ဆောင်ရွက်လျက်ရှိသော်လည်း နိုဝင်ဘာလအတွင်း စားသုံးသူဈေးဆနှုန်းသည် (၂.၇) ရာခိုင်နှုန်းသို့ တိုးလာခဲ့ကြောင်း၊ စားသောက် ကုန်နှင့် စွမ်းအင်ဈေးနှုန်းမပါဝင်သည့် မော်တော်ယာဉ်မှအစ ပရိဘောဂအသုံးအဆောင်များ အပါအဝင် စားသုံးကုန်စည်များ၏ ဈေးနှုန်းမြင့်တက်ခဲ့ရာ Core Inflation သည် နိုဝင်ဘာလတွင် (၀.၃) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစ၍ ကုန်ပစ္စည်းများ၏ဈေးနှုန်းသည် ယခင်ဈေးနှုန်းအတိုင်း သို့မဟုတ် ဈေးနှုန်းကျဆင်းခဲ့ပြီးနောက် ယခုအခါဈေးနှုန်းများ ပြန်လည်မြင့် တက်ခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်က သွင်းကုန်အားလုံးကို အကောက်ခွန်တိုးမြှင့်ကောက်ခံမည်ဟု ပြောကြားလျက်ရှိရာ ၎င်းအစိုးရတာဝန်ယူပြီးနောက်တွင် ငွေကြေးဖောင်းပွမှု ပိုမိုမြင့်တက်လာ မည် ကို စိုးရိမ်လျက်ရှိကြကြောင်း သိရှိရပါသည်။

စားသုံးသူဈေးဆနှုန်းမြင့်တက်လာခြင်းကြောင့် ဗဟိုဘဏ်က အတိုးနှုန်းလျှော့ချရန် မျှော် မှန်းလျက်ရှိကြပြီး ဗဟိုဘဏ်ကလည်း လာမည့်ရက်သတ္တပတ်များတွင် ပြုလုပ်မည့် အစည်းအဝေး များတွင် အတိုးနှုန်းကို (၀.၂၅) ရာခိုင်နှုန်းလျှော့ချရန် ရှိကြောင်း၊ သို့ရာတွင် ငွေကြေးဖောင်းပွမှု နှုန်းသည် လျော့ကျခြင်းမရှိဘဲ လက်ရှိနှုန်းထားအတိုင်းသာ ဆက်လက်ရှိနေပါက အတိုးနှုန်း လျှော့ချမည့်အချိန် နှောင့်နှေးနိုင်ကြောင်း၊ အမေရိကန်စတော့ရှယ်ယာဈေးကွက်သည်လည်း ၁၁-၁၂-၂၀၂၄ ရက်တွင် မြင့်တက်ခဲ့ရာ Nasdaq Composite အညွှန်းကိန်းသည် (၁) ရာခိုင်နှုန်းကျော် အထိ ရှိခဲ့ကြောင်း သိရှိရပါသည်။        

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။

Category: USA