China(Beijing)

တရုတ်နိုင်ငံ၏ တတိယအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာ စိုက်ပျိုးမွေးမြူရေးဗီဇရင်းမြစ်ပိုင်ဆိုင်မှု စစ်တမ်းကောက်ယူပြီးစီး

Last Updated:

တရုတ်နိုင်ငံ၏  တတိယအကြိမ်မြောက်နိုင်ငံလုံးဆိုင်ရာ စိုက်ပျိုးမွေးမြူရေး ဗီဇရင်းမြစ် ပိုင်ဆိုင်မှု စစ်တမ်းကောက်ယူပြီးစီးခဲ့ကြောင်း၊ နိုင်ငံ၏ စိုက်ပျိုး၊ မွေးမြူရေးကဏ္ဍအတွင်း ဗီဇမျိုးစိတ် ပိုင်ဆိုင်မှုများကို ကျယ်ပြန့်စွာမှတ်တမ်းပြု၍ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆန်းသစ် တီထွင်နိုင်ရေးတို့အတွက် အုတ်မြစ်ချပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူမျာက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကောက်ယူခဲ့သော အဆိုပါစစ်တမ်း၌ ကောင်တီစုစုပေါင်း ၂၃၂၃  ခု ပါဝင်ကာ ယခင်ကပါဝင်ခြင်းမရှိသေးသည့် ကောင်တီ ၃၃၂ ခုကိုလည်း ထည့်သွင်း ကောက်ခံနိုင်ခဲ့ကြောင်း၊ မိုးခေါင်သည့်ဒေသများ၊ ကုန်းပြင်မြင့်များ၊ နယ်စပ်ဒေသများနှင့် တိုင်းရင်း သား လူနည်းစုများ နေထိုင်ရာဒေသများလည်း ပါဝင်အောင်လည်း ကြိုးပမ်းအားထုတ် ခဲ့ကြောင်း စိုက်ပျိုးရေး နှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအဆိုအရ သိရှိရပါ သည်။

ယခုစစ်တမ်းသည် ကြီးမားသည့်အရွယ်အစား၊ အကျယ်ပြန့်ဆုံးလွှမ်းခြုံမှုနှင့် လက်ရှိအချိန် အထိ ကိုယ်စားပြုပါဝင်သူအများဆုံးရှိသည့် စစ်တမ်းတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန မျိုးစေ့လုပ်ငန်းဌာန ဒါရိုက်တာမှ ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

ငါးပုစွန်မွေးမြူရေးခြံ ၉၂၀,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူနိုင်ခဲ့ပြီး ယင်းမှာ ပထမအကြိမ်  ငါးပုစွန်မျိုးစိတ်ဆိုင်ရာ အရင်းအမြစ်များပါဝင်လာအောင် ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ငါးလုပ်ငန်း စီမံခန့်ခွဲရေးဗျူရိုအကြီးအကဲမှ  ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

စစ်တမ်းတွင် ကောက်ပဲသီးနှံနှင့် ဆက်စပ်သော သီးနှံပေါင်း ၆၃,၀၀၀ ကျော်အပါအဝင် သီးနှံမျိုးစိတ်အရင်းအမြစ် ၁၃၉,၀၀၀ ခန့်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ဆန်၊ ဂျုံ၊ ပြောင်းနှင့် ပဲပုပ်ကဲ့သို့သောစားနပ်ရိက္ခာဆိုင်ရာ သီးနှံအရင်းအမြစ်များ၇၅ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ ကြောင်း သိရှိရပါသည်။

သုတေသီများသည် မွေးမြူရေးကဏ္ဍတွင် ပျားနှင့်ပိုးမွှားဆိုင်ရာ ဒေသမျိုးစိတ်ရင်းမြစ် အသစ် ၅၁ မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယခင်က မျိုးသုဉ်းလုနီးပါး ဖြစ်သည်ဟု ယူဆထားသည့် မျိုးစိတ် ၁၀ မျိုးကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်းလည်းသိရှိရပါသည်။

အဆိုပါ ကြိုးပမ်းဆောင်ရွက်မှုသည် မျိုးရိုးဗီဇပစ္စည်း ၁.၀၇ သန်းကို ဖော်ထုတ်ပေးနိုင်ခဲ့ ကြောင်း၊ မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် အရင်းအမြစ်မျိုးစိတ် ၆၁ ခုနှင့် နိုင်ငံအလိုက်ကာကွယ်ထား သည့် မျိုးစိတ် ၁၅၉ မျိုးကို ထိန်းသိမ်းစောင့်ရှောက်ရန်ဆောင်ရွက်ခဲ့ကြောင်းလည်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် မွေးမြူရေး၊ ကြက်၊ဝက်၊ ပျားနှင့် ပိုးမွှားစမျိုးရိုးဗီဇဆိုင်ရာ အရင်းအမြစ် များ၌ ကမ္ဘာပေါ်တွင် ဦးဆောင်လျက်ရှိသောနိုင်ငံတစ်ခုဖြစ်ကြောင်း အမျိုးသားတိရစ္ဆာန် မွေးမြူ ရေးဌာန၏ လက်ထောက်အကြီးအကဲမှ ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

ငါးပုစွန်ကဏ္ဍတွင်မျိုးစိတ်အရင်းအမြစ် ၈၅၇ ခုကို မှတ်တမ်းတင်ထားခဲ့ပြီး မျိုးရိုးဗီဇ ပစ္စည်းပေါင်း ၁၂၀,၀၀၀ ကို စုဆောင်းထားကြောင်း၊ ကွမ်တုံပြည်နယ်သည် မျိုးစိတ်အမျိုးအစား ပေါင်း ၃၇၄ ခုဖြင့်ဦးဆောင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

အဆိုပါစစ်တမ်း၏ တွေ့ရှိချက်များအရ မျိုးစေ့နှင့်သက်ဆိုင်သည့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်မှုကို အထောက်အကူဖြစ်စေမည့် အရင်းအမြစ် ၆၂၃၈ ကို အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

တရုတ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ မျိုးစိတ်အရင်းအမြစ်များအသုံးချခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ခေတ်မီစက်ကိရိယာများနှင့် စီမံခန့်ခွဲမှုများစသည့် သွင်ပြင် လက္ခဏာများပါဝင်သည့် ကမ္ဘာ့အကြီးဆုံးစနစ်တစ်ခုကို တည်ထောင်ထားကြောင်းလည်း သိရှိရပါ သည်။

အမျိုးသားသီးနှံဆိုင်ရာမျိုးစိတ်ဘဏ်တွင် နမူနာပေါင်း ၁.၅ သန်းရှိပြီး လာမည့် နှစ် ၅၀ အတွက် မဟာဗျူဟာမြောက် ထိန်းသိမ်းဆောင်ရွက်ရေး စီမံပံ့ပိုးနိုင်မည်ဖြစ်ကြောင်းလည်း သိရှိ ရပါသည်။

အဏ္ဏဝါလုပ်ငန်းဆိုင်ရာဇီဝမျိုးစိတ်ဘဏ်ကိုလည်း နမူနာ ပေါင်း ၃၅၀၀၀၀ ဖြင့် အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားမွေးမြူရေးဆိုင်ရာမျိုးစိတ်ဘဏ်ကိုလည်း လာမည့်နှစ် တွင် အပြီးသတ်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ ထွက်ပေါ်လာသည့်ရလဒ်များသည် စားနပ်ရိက္ခာ ဖူလုံရေးနှင့် မျိုးစေ့လုပ်ငန်းများ ဆန်းသစ်တီထွင်မှုရှိစွာဖြင့် လည်ပတ်ဆောင်ရွက် နိုင်ရန်  အရေးပါသည့် အထောက်အပံ့များဖြစ်သည်ဟု Chinese Academy of Engineering မှ ပညာရှင်ဖြစ်သူ     Mr. Liu Xu မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: http://english.moa.gov.cn/news_522/202412/t20241213_301404.html

စီးပွားရေးသံမှူး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ 

ပေကျင်းမြို့                                                                                                   

 

Category: China(Beijing)