China(Beijing)

နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၏ FDI ဝင်ရောက်မှု ၆ ရာခိုင်နှုန်း မြင့်တက်

Last Updated:

တရုတ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် နိုဝင်ဘာလတွင် ယခင်နှစ် ကာလတူထက် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဇန်နဝါရီလမှ နိုဝင်ဘာလအထိ FDI ဆိုင်ရာအချက်အလက်များအရ  ယွမ် ၇၄၉.၇ ဘီလီယံ (ဒေါ်လာ ၁၀၄ ဘီလီယံ) ရှိခဲ့ပြီး ယခင်နှစ်ထက် ၂၇.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထိုသို့ ကျဆင်းမှုသည် ဇန်နဝါရီမှ အောက်တိုဘာကာလထိနှင့်နှိုင်းယှဉ်ပါက ကွာဟချက်၁.၉ ရာခိုင်နှုန်း ကျဉ်းမြောင်းခဲ့ကြောင်း၊ သုံးလဆက်တိုက် ကွာခြားချက်ကျဉ်းမြောင်းသည့်ရလဒ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ပထမ ၁၁ လအတွင်း၌ နိုင်ငံတဝှမ်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၅၂၃၇၉ ခု တည်ထောင်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူထက်တိုးတက်မှု ၈.၉ ရာခိုင်နှုန်း ကိုယ်စားပြုခဲ့ ကြောင်း၊ အဆိုပါပမာဏသည် အလားတူကာလအတွင်း သမိုင်းတစ်လျှောက် အမြင့်ဆုံး                          အဆင့်ဖြစ်ခဲ့ကြောင်း လည်းသိရှိရပါသည်။

နည်းပညာမြင့်ထုတ်လုပ်ရေးကဏ္ဍတွင် FDI ၏အချိုးသည် ကာလတူနှင့် နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးမြင့်လာ ကြောင်း၊ ဂျာမနီမှ ယခင်နှစ်ထက် ၁၀.၉ ရာခိုင်နှုန်း၊ စင်ကာပူမှ ၄.၈ ရာခိုင်နှုန်းနှင့် ဆွစ်ဇာလန်မှ ၄ ရာခိုင်နှုန်း အသီးသီးတိုးလာခဲ့ကြောင်း၊ အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်ထက် ၆.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202412/14/WS675d91a0a310f1265a1d2eb9.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ    

 

 

Category: China(Beijing)