USA

အမေရိကန်စားသုံးသူများ၏ယုံကြည်မှု မြင့်တက်လာခဲ့

Last Updated:

အမေရိကန်နိုင်ငံ၊ မီချီဂန်တက္ကသိုလ်၏ သုတေသနအချက်အလက်များအရ စားသုံးသူ များ၏ စိတ်နေသဘောထားကို တိုင်းတာသည့်အညွှန်းကိန်းသည် နိုဝင်ဘာလတွင် (၇၁.၈)ရှိခဲ့ရာမှ ဒီဇင်ဘာလ လဆန်းပိုင်းတွင် (၇၄.၀)သို့ မြင့်တက်ခဲ့ကြောင်း၊ သုတေသနတွေ့ရှိချက်အရ အမေရိကန်သမ္မတ ရွေးကောက်ပွဲနောက်ပိုင်း စားသုံးသူများ၏မျှော်မှန်းချက်သည် ပို၍ကွဲပြားလာ ခဲ့ပြီး ဒီမိုကရက်တစ်ပါတီဝင်များ၏ ယုံကြည်မှုကျဆင်းခဲ့သော်လည်း ရီပတ်ဘလစ်ကန်ပါတီအပေါ် ယုံကြည်မှုမြင့်တက်ခဲ့ကြောင်း၊ ဒီမိုကရက်တစ်များက မူဝါပြောင်းလဲမှု အထူးသဖြင့် အကောက်ခွန်နှုန်းမြင့်တက်မှုသည် ငွေကြေးဖောင်းပွမှုဖြစ်စေမည်ဟု ပြောကြားခဲ့ကြသော်လည်း ရီပတ်ဘလစ်ကန်များက သမ္မတအသစ်သည် ငွေကြေးဖောင်းပွမှုကျဆင်းလာစေရန် လုပ်ဆောင် လိမ့်မည်ဟု ယူဆကြကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ယခင်လကထက်ပို၍ ကောင်းမွန်ခဲ့ကြောင်း၊ ယင်းအခြေအနေသည်အထူးသဖြင့် ယခုလ အားလပ်ရက် ရာသီတွင် စားသုံးသူများ၏ ဝယ်ယူမှုမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ သို့ရာတွင် ယင်းသို့ဝယ်ယူမှုများသည် ဈေးနှုန်းမြင့်တက်လာနိုင်ခြေရှိသဖြင့် ကြာရှည်အသုံးပြုနိုင်သည့် ကုန်မာပစ္စည်းများကို ဝယ်ယူထားခြင်းဖြစ်ကြောင်း၊ ဤအချက်သည် ငွေကြေးဖောင်းပွလာနိုင်ခြေ ရှိသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုသည် နိုဝင်ဘာလတွင် (၂.၆) ရာခိုင်နှုန်း ရှိခဲ့ပြီး ဒီဇင်ဘာလတွင် (၂.၉) ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟုလည်း သုတေသန အချက်အလက် များ ခန့်မှန်းထားကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

 

Category: USA