၂၀၂၄ ခုနှစ်အတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွားဧည့်သည် ၄၅ သန်း လာရောက်ရန် မျှော်လင့်သည်ဟု ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဖြစ်သူ Rosanna Law က ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် “Hong Kong welcomed 45 million travellers in 2024” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။
အသစ်ခန့်အပ်လိုက်သည် ခရီးသွားလုပ်ငန်းဝန်ကြီးက ကူးသန်းရောင်းဝယ်ရေး ရေဒီယို အစီအစဉ်တွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ဟောင်ကောင်ဒေသ၏ ခရီးသွားလုပ်ငန်း အခြေအနေ ကောင်းမွန်နေကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဟောင်ကောင် ဒေသသို့ ခရီးသွားဦးရေ ၄၁ သန်းခန့် လာရောက်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြ ထားပါသည်။
ဟောင်ကောင်ဒေသအစိုးရ၏ မူလခန့်မှန်းချက်မှာ ယခုနှစ်ကုန်အထိ ဟောင်ကောင် ဒေသသို့ လာရောက်မည့် ခရီးသွားဦးရေ ၄၆ သန်း ခန့် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ရှန်ကျန်းဒေသခံများအတွက် အကြိမ်ကြိမ်ပြည်ဝင်ခွင့် ဗီဇာအစီအစဉ် ပြန်လည်စတင်ပြီး နိုဝင်ဘာလအတွင်း ဟောင်ကောင်ဒေသသို့ နေ့စဉ် လာရောက်သည့် ခရီးသွားအရေအတွက် ၇ မှ ၈ ရာခိုင်နှုန်းအထိ တိုး တက်လာခဲ့ကြောင်း၊ ထို့ပြင် တရုတ်ပြည်မမှလာရောက်သည့် ခရီးသွားများ လွယ်ကူအဆင်ပြေ စေရန် ဒေသအစိုးရမှ New Year's Eve celebrations တိုးမြှင့်လုပ်ဆောင်ခဲ့ ပြီး နယ်စပ်ဂိတ် များကို ဖွင့်လှစ်ချိန် တိုးမြှင့်ခြင်းနှင့် ရထားလိုင်းများ ညလုံးပေါက်ပြေးဆွဲပေးရန် ကြေညာထားခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။
စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။