China (HongKong)

မဟာဗျူဟာမြောက်လုပ်ငန်းကြီး ၆၆ ခု ဟောင်ကောင်ဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံ

Last Updated:

မဟာဗျူဟာမြောက်လုပ်ငန်းများဆွဲဆောင်ရေးရုံး (OASES) အနေဖြင့် ကမ္ဘာတစ်လွှားမှ မဟာဗျူဟာမြောက်လုပ်ငန်းကြီး ၆၆ ခု ဟောင်ကောင်ဒေသတွင် လာရောက်ရင်းနှီး မြှုပ်နှံရန် ဆောင်ရွက်နိုင်ခဲ့ပြီး ဟောင်ကောင်ဒေသ၏ ကမ္ဘာ့ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးစုဝေးရာ ဒေသတစ်ခုအဖြစ် ရပ်တည်မှုကို သိသိသာသာ မြှင့်တင်နိုင်ခဲ့သည်ဟု hongkongbusiness သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် “Hong Kong attracts 66 strategic enterprises” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ လုပ်ငန်းများအနက်မှ ၆၀ ရာခိုင်နှုန်းခန့်မှာ ဟောင်ကောင်ဒေသတွင် လုပ်ငန်း လည်ပတ်မှုအသစ်များစတင်မည်ဖြစ်ပြီး၊ ကျန် ၄၀ ရာခိုင်နှုန်းမှာ ၎င်းတို့၏ ရှိရင်းလုပ်ငန်းများ တိုးချဲ့လုပ်ငန်းကိုင်သွားရန် ရည်ရွယ်ထားကြကြောင်း၊ လုပ်ငန်း ၆၆ ခုတွင် life and health technology လုပ်ငန်း ၂၂ ခု၊ artificial intelligence and data science လုပ်ငန်း ၂၄ ခု ၊ ဘဏ္ဍာရေးနည်းပညာ လုပ်ငန်း ၈ ခုနှင့် အဆင့်မြင့် ကုန်ထုတ်လုပ်မှုနှင့် စွမ်းအင်သစ်နည်းပညာ လုပ်ငန်း ၁၂ ခု ပါဝင် ကြောင်းရေးသားဖော်ပြထားပါသည်။

လုပ်ငန်းအားလုံးအနက် ထက်ဝက်ခန့်မှာ သက်ဆိုင်ရာ နယ်ပယ်များတွင် ဦးဆောင်သည့် လုပ်ငန်းကြီးများဖြစ်ပြီး ထိုလုပ်ငန်းအများစုမှာ ဟောင်ကောင်ဒေသ၌ ကမ္ဘာလုံးဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ ရုံးချုပ်များ တည်ထောင်ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း ရေးသားဖော်ပြထားပါ သည်။

ဟောင်ကောင်ဒေသ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း (၆၆) ခုလုံးမှာ သုတေသန နှင့် ဖွံ့ဖြိုးရေးစင်တာ သို့မဟုတ် ထုတ်လုပ်ရေးအခြေစိုက်ရုံးများ ဖွင့်လှစ်တည်ထောင်သွားရန် ရည်ရွယ်ထားကြောင်း၊ လာမည့်နှစ်များအတွင်း အဆိုပါလုပ်ငန်းများ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု မှာ ဟောင်ကောင်ဒေါ်လာ ၄၂ ဘီလီယံရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၇,၀၀၀ ခန့် ဖန်တီးပေး နိုင်မည်ဟု ခန့်မှန်းထားကြောင်း ရေးသားဖော်ပြထားပါသည်။

လုပ်ငန်းအများစု၏ လည်ပတ်ဆောင်ရွက်မှု ကနဦးအဆင့်တွင်ရှိနေသေးခြင်းနှင့် လုပ်သား ခန့်ထားမှုနှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များမှာ လျို့ဝှက်အဆင့်တွင်ရှိသောကြောင့် OASES အနေ ဖြင့် တိုးတက်ဖြစ်ပေါ်မှုအခြေအနေ အသေးစိတ်ကို မထုတ်ပြန်နိုင်သေးကြောင်း၊ အဆိုပါ ရင်းနှီး မြှုပ်နှံမှုများမှ ဟောင်ကောင်ဒေသ ဆန်းသစ်တီထွင်မှု ဂေဟစနစ်နှင့် စီးပွားရေးတိုးတက်မှု တိုးမြှင့် လာသည့် အလားအလာများ အတွက် OASES က အလေးထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့။

Category: China (HongKong)