U. A. E

ဒူဘိုင်းမြို့တွင်းရှိ Dubai Tram မြို့တွင်းဓာတ်ရထားလုပ်ငန်းသည် ခရီးသည် သန်း ၆၀ နှင့် ၉၉.၉ % အချိန်မှန်ပြေးဆွဲလျှက်ရှိသည့် ဝန်ဆောင်မှု၁၀ နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်

Last Updated:

ဝန်ဆောင်မှုဆယ်စုနှစ်တစ်ခုကို ရောက်ရှိခဲ့မှု့အပေါ်ဂုဏ်ပြုသည့်အနေဖြင့် Dubai Tram မြို့တွင်း ဓာတ်ရထားလုပ်ငန်းသည် ၂၀၁၄ ခုနှစ် ပွဲဦးထွက်ခရီးစဉ်စတင်စဉ်ကတည်းက ခရီးသည် ပေါင်းသန်း ၆၀ ကျော်ကိုပို့ဆောင်ပေးခဲ့ပြီး ခရီးစဉ်ကီလိုမီတာ ၆ သန်းကို လွှမ်းခြုံနိုင်ခဲ့သော မှတ်သားဖွယ်ရာ မှတ်တိုင်တစ်ခုသို့ ရောက်ရှိခဲ့ပါသည်။

အချိန်တိကျမှုနှုန်း ၉၉.၉ % ဖြင့် လုပ်ငန်းလည်ပတ်လျှက်ရှိသော Tram မြို့တွင်း ဓာတ်ရထား စနစ်သည် ဒူဘိုင်းအများပြည်သူ သယ်ယူပို့ဆောင်ရေးကွန်ရက်၏ အုတ်မြစ်တစ်ခုဖြစ်လာခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲ၍ ထိရောက်ပြီးဘေးကင်းသောရွေ့လျားသွားလာနိုင်မှုအပေါ် ဒူဘိုင်းမြို့ ၏ ကတိကဝတ်ကို ထင်ဟပ်စေခဲ့ပါသည်။

အဆိုပါရထား၏ ပြေးဆွဲသောရထားလမ်းကြောင်းဖြစ်သည့် Al Sufouh လမ်းမတစ်လျှောက် Al Sufouh ဘူတာမှ Jumeirah Lakes Towers ဘူတာအထိ ဗျူဟာမြောက်တည်ရှိသော ဘူတာရုံ ၁၁ ခုဖြင့် ချိတ်ဆက်ထားပြီး Palm Jumeirah၊ Dubai Marina နှင့် JBR ကဲ့သို့သော အဓိကခရီးစဉ် နေရာများကိုလွှမ်းခြုံထားကာ ခရီးကြာမြင့်ချိန် ၄၂ မိနစ်သာရှိသဖြင့် အဆိုပါနေရာတွင်နေထိုင်ကြသူ များနှင့် ခရီးသွားများအတွက်ပါ သာယာလှပသောဖြတ်သန်းသွားလာမှုအတွက် ရွေးချယ်နိုင်ခွင့်ကို ပေးဆောင် ထားရှိပါသည်။

ဒူဘိုင်းရှိ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အစည်း (RTA) သည် ဒူဘိုင်းမြို့တွင်းပြေးရထားများ၊ ဘတ်စ်ကားများ၊ တက္ကစီများနှင့်စက်ဘီးစီးလမ်းများ အပါအဝင် အခြားသော သယ်ယူပို့ဆောင်ရေးပုံစံများနှင့် ချောမွေ့စွာပေါင်းစပ်ထားရှိပါသည်။ ဤပေါင်းစည်း ထားရှိသောကွန်ရက်သည် အများပြည်သူသယ်ယူပို့ဆောင်ရေးတို့အား ဦးစားပေးရွေးချယ်မှုဖြစ်စေ မည့် ဒူဘိုင်း၏ဦးတည်ချက်နှင့်ကိုက်ညီပြီး မြို့တော်၏ပတ်ဝန်းကျင်နှင့် မြို့ပြရွေ့လျားသွားလာရေး ပန်းတိုင်များကို ပံ့ပိုးပေးလျှက်ရှိပါသည်။

ဒူဘိုင်းဓာတ်ရထားသည် နည်းပညာနယ်ပယ်တွင် ကမ္ဘာတစ်ဝှမ်းတွင်ဦးဆောင်လျှက်ရှိပြီး၊ အလိုအလျောက်လမ်းကြောင်းတံခါးများနှင့် မြေပြင်ညီ-အဆင့်မှ စွမ်းအင်အထောက်အပံ့ပါရှိသည့် ပထမဆုံးသောစနစ်တစ်ခုဖြစ်ပြီး၊ ရထာခေါင်မိုးပေါ်ရှိဝါယာကြိုးများကို ဖယ်ရှားခြင်းအားဖြင့် ဘေးကင်းမှုကို မြှင့်တင်ဆောင်ရွက်ပေးပါသည်။ လေအေးပေးစက်အပြည့်ပေးထားရှိသော ဘူတာရုံ များသည်လည်း ခရီးသည်များအတွက် တစ်နှစ်ပတ်လုံးကိုသက်တောင့်သက်သာဖြစ်စေပြီး ဓာတ် ရထား၏ ရထားတွဲ ၁၁ ခုတွင် ရွှေရောင်အတန်းအစား၊ ငွေရောင်အတန်းအစား၊ အမျိုးသမီးများနှင့် ကလေးများအတွက် သီးခြားခွဲခြားထားသောအကာအရံများဖြင့် ဝန်ဆောင်မှုပေးအပ်ထားပါသည်။

ပိတ်ရက်မရှိ အချိန်ပြည့်လုပ်ငန်းဆောင်ရွက်လျှက်ရှိသော 24/7 ထိန်းချုပ်ရေးစင်တာမှ ဓာတ်ရထားများ၏ ရွေ့လျားမှုများနှင့် စနစ်ထိရောက်မှုကို ခြေရာခံခြင်းဖြင့် အနှောက်အယှက် ကင်းမဲ့သော ဝန်ဆောင်မှုများကို အာမခံနိုင်သည့်လုပ်ဆောင်ချက်များကို ကြီးကြပ်ဆောင်ရွက်လျှက် ရှိပါသည်။ စဉ်ဆက်မပြတ်နည်းပညာတိုးတက်မှုများ၊ ဝန်ဆောင်မှုထူးချွန်မှုများနှင့်အတူ၊ ဒူဘိုင်း ဓာတ်ရထား လုပ်ငန်းသည် ဒူဘိုင်း၏မြို့ပြရွေ့လျားသွားလာမှုများတွင် ဆန်းသစ်တီထွင်မှုနှင့် အားလုံးအတွက် ဘေးကင်းစိတ်ချရသည့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကိုပေးအပ်ရန်အတွက် ကတိကဝတ်ပြုလျှက်ရှိကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

Source:Dubai Media Office

Economic Counsellor (Dubai)

 

Category: U. A. E