Germany

ဘာလင်- ပါရီ တိုက်ရိုက် အမြန်ရထား စတင်ပြေးဆွဲ

Last Updated:

ပြင်သစ်နိုင်ငံ၊ ပါရီမြို့နှင့် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တို့အကြား ပထမဆုံး တိုက်ရိုက် အမြန်ရထား ပြေးဆွဲခြင်းကို ၁၆-၁၂-၂၀၂၄ ရက်တွင် စတင်ခဲ့ပါသည်။

ဂျာမန်ပိုင် InterCity Express (ICE) ရထားသည် ပါရီမြို့ရှိ Gare de l'Est ဘူတာမှ နံနက် (၀၉၅၅)နာရီတွင်ထွက်ခွာခဲ့ရာ Berlin Hauptbahnhof သို့ ညနေ(၀၆၀၃)နာရီတွင် ဆိုက်ရောက် ခဲ့ပါသည်။

ဘာလင် Hauptbahnhof မှ ဂျာမန်မြို့ကြီးများ ဖြစ်ကြသော Frankfurt (South)၊  Karlsruhe နှင့် Strasbourg မြို့များရှိ ဘူတာများကိုရပ်နားဖြတ်သန်း၍ ပါရီမြို့သို့ ကြာချိန် (၈)နာရီ အတွင်း ရောက်ရှိနိုင်ကြောင်း ဂျာမန်မီးရထားလုပ်ငန်း (Deutsche Bahn- DB)က ယင်း၏ လူမှုကွန်ယက် platform ဖြစ်သော X တွင်  ဖော်ပြခဲ့ပါသည်။

DB သည် ပြင်သစ် မီးရထားကုမ္ပဏီ SNCF နှင့် ပူးပေါင်းကာ မြန်နှုန်းမြင့်ရထားဖြစ်သည့် ICE ကို အသုံးပြု၍ (၁)ရက်လျှင် တစ်ကြိမ် ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ပါသည်။

 ဂျာမနီနှင့် ပြင်သစ်တို့သည် ဥရောပသမဂ္ဂ၏ လူဦးရေ အများဆုံးနိုင်ငံ (၂)နိုင်ငံဖြစ်ပြီး စီးပွားရေး အကြီးဆုံးနိုင်ငံများလည်းဖြစ်ပါသည်။ ဘာလင်မြို့တော်ဝန် Mr. Kai Wegner က ရထား လမ်းကြောင်းသစ်ကို ချီးကျူးခဲ့ပြီး ယင်းသည် ဂျာမနီ-ပြင်သစ်ချစ်ကြည်ရေးအတွက် ကောင်းမွန် သော သင်္ကေတတစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DB ၏ ဂုဏ်သတင်းကျဆင်းနေချိန်တွင် ယခုကဲ့သို့ ရထားလမ်းကြောင်းသစ် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပါသည်။

DB သည် ယင်း၏ ရထားလိုင်းများပြေးဆွဲခြင်းနှင့်စပ်လျဉ်းသည့် ရလာဒ်ကိန်း ဂဏန်းများ ကို ၂၀၂၇ ခုနှစ်တွင် ပိုမိုတိုးတက်စေလိုပြီး၊ ပြေးဆွဲနေသော ရထားများ၏ ၇၅ ရာခိုင်နှုန်းခန့်ကို အချိန်မှန်စေရန် ရည်မှန်းထားကြောင်း ဖော်ပြထားပါသည်။ DB မှ ကတိပြုထားသော ရထားများ အချိန်မှန်စေရန်နှင့် အရည်အသွေးများ တိုးတက်ကောင်းမွန်လာ စေရန် ဟူသည့်အချက် (၂) ချက် ကို လက်တွေ့ဖြစ်လာရန် မျှော်လင့်ထားကြောင်း ဂျာမန်ပို့ဆောင် ရေးဝန်ကြီး    Mr. Volker Wissing က ပြောကြားခဲ့ပါသည်။

ကီလိုမီတာ(၁,၁၀၀)ခရီးအတွက် one-way လက်မှတ်တစ်စောင်သည် အတန်းအစား၊ လက်မှတ် အမျိုးအစားနှင့် ဝယ်လိုအားအပေါ် မူတည်၍ (၂၄.၉၉) ယူရိုမှ (၉၉) ယူရို အထိ ဈေးနှုန်းအမျိုးမျိုး ရှိကြောင်းကိုလည်း ဖော်ပြထားပါသည်။

Source:          https://www.dw.com/en/berlin-paris-high-speed-rail-route-launched/ a -71069267

စီးပွားရေးသံမှူး၊ ဘာလင်

Category: Germany