China (Kunming)

တရုတ်နိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်သည် ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်တွင် တည်ငြိမ်လျက်ရှိ

Last Updated:

လေ့လာမှုများအရ တရုတ်နိုင်ငံ၏ မြို့ပြအလုပ်လက်မဲ့နှုန်းသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာသည်။ တရုတ်နိုင်ငံ၏ အလုပ်အကိုင်ဈေးကွက်သည် ၂၀၂၄ ခုနှစ် ပထမ သုံးလပတ်အတွင်း ယေဘုယျအားဖြင့် တည်ငြိမ်နေခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ စစ်တမ်းကောက်ယူခဲ့သည့် မြို့ပြအလုပ်လက်မဲ့နှုန်းသည် ပထမသုံးလပတ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလ တွင် စစ်တမ်းကောက်ယူခဲ့သော နိုင်ငံအတွင်း မြို့ပြအလုပ်လက်မဲ့နှုန်းသည် ၅ ဒသမ ၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး ယခင်လထက် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် တရုတ်အာဏာပိုင်များအနေဖြင့် အလုပ်အကိုင်များ (အထူးသဖြင့် ကောလိပ်ဘွဲ့ရများ၏ အလုပ်အကိုင်များ) တည်ငြိမ်စေရန် ကြိုးပမ်းမှုများ အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း၊ အားလုံးသော အလုပ်အကိုင်များသည် ဖိအားအချို့နှင့် ရင်ဆိုင်နေရသော်လည်း အလုပ်အကိုင်ဈေးကွက်မှာ တည်ငြိမ်နေဆဲဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု၊ တိုးချဲ့ဝန်ဆောင်မှုကဏ္ဍနှင့် လူဦးရေဆိုင်ရာ ပြောင်းလဲမှုများသည် ပံ့ပိုးပေးသည့် အကြောင်းအရင်းများဖြစ်ကြောင်း NBS ၏ လက်ထောက်အကြီးအကဲ Sheng Laiyun က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ တည်ငြိမ်သော စီးပွားရေးတိုးတက်မှုကို မောင်းနှင်ရန်နှင့် အရည်အသွေးမြင့်မားသော အလုပ်အကိုင်အခွင့်အလမ်းများ (high-quality full employment) မြှင့်တင်မည့် အလုပ်အကိုင်နေရာများ ပိုမိုဖန်တီးပေးရန်အတွက် ဖွဲ့စည်းပုံဆိုင်ရာပြဿနာများ (Structural problems) ကျန်ရှိနေသေးကြောင်း Sheng ၏ ပြောကြားချက်အရ သိရှိရသည်။

 

အရင်းမြစ်။ http://en.people.cn/n3/2024/1018/c90000-20231302.html

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)