China (Kunming)

ယူနန်ပြည်နယ်ရှိ CIIE ချိတ်ဆက်ဆောင်ရွက်မှုတွင် ဆေးဝါလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းကို အလေးထားလျက်ရှိ

Last Updated:

(၇) ကြိမ်မြောက် တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ (CIIE) အတွက် ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်ဆောင်ရွက်ခြင်း အစည်းအဝေး နှစ်ရပ်လုံးကို ယူနန်ပြည်နယ် ကူမင်းမြို့ မြို့လယ်၌ ဇွန်လ ၂၀ ရက်နေ့က ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယူနန်ပြည်နယ်မှ လုပ်ငန်းစုစုပေါင်း ၃၀၀ ကျော်က စုစည်းပါဝင် ပြသခဲ့သည်။

CIIE မြှင့်တင်ဆောင်ရွက်ခြင်း အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ “ပြပွဲများမှ ကုန်စည်များအဖြစ်သို့၊ ပြပွဲများမှ ရင်းနှီးမြှုပ်နှံသူများအဖြစ်သို့ ပြောင်းလဲရန်” ဖြစ်သည်။ ပြပွဲတွင် ပါဝင်ပြသသူများသည် လယ်ယာထွက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုကုန်သွယ်ခြင်း၊ ဘဏ်ဝန်ဆောင်မှုများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ကျန်းမာရေး စောင့် ရှောက်မှုနှင့် အခြားလုပ်ငန်းများတွင် အများဆုံး ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့သည်။

အခြားအစည်းအဝေးတွင် Bank of China (BOC) အနေဖြင့် ၎င်းတို့၏ တရားဝင် website နှင့် BOC အက်ပ်မှ e-business platform များကို ဖိတ်ဆက်ခဲ့သည်။ စီးပွားရေးအခွင့်အလမ်း များကို ပိုမိုထောက်ပံ့ပေးခြင်းဖြင့် ယူနန်စီးပွားရေးလုပ်ငန်းများအား ကမ္ဘာတစ်ဝှမ်း ပိုမိုကောင်းမွန် လာစေရန် ကူညီပံပိုးနိုင်မည် ဖြစ်သည်။

BOC အစည်းအဝေးသည် ယူနန်ပြည်နယ် စီးပွားရေးလုပ်ငန်း ၂၀၀ ခန့်မှ ကိုယ်စားလှယ် များကို ဖိတ်ကြားခဲ့ပြီး “online plus offline” စနစ်ဖြင့် ပြည်ပကုန်သည်လုပ်ငန်းရှင်များနှင့် တစ်ဦးချင် ဆွေးနွေးခဲ့ကြသည်။ ယခုအချိန်ထိ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် စီမံကိန်းပေါင်း ၃၀ ကျော်ကို ကနဦးသဘောတူညီမှု ဆောင်ရွက်နိုင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၀၀ မီလီယံ ရှိပါသည်။

အရင်းအမြစ်: http://english.yunnangateway.com/html/2023/news_0621/31300.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)