China (Kunming)

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီနယ်စပ်ဂိတ်၏ သွင်းကုန် ပို့ကုန် ပမာဏမှာ တန်ချိန် ၅ ဒသမ ၇၀၇ သန်း ရှိ

Last Updated:

အကောက်ခွန်စာရင်းဇယားများအရ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီနယ်စပ် ဂိတ်၏ သွင်းကုန်ပို့ကုန် ပို့ဆောင်ရေးပမာဏမှာ တန်ချိန် ၅ ဒသမ ၇၀၇ သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့သည်။ သွင်းကုန် ပမာဏမှာ တန်ချိန် ၅ ဒသမ ၆၆၁ သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာသကဲ့သို့ ပို့ကုန်ပမာဏမှာ တန်ချိန် ၄၆,၀၀၀ ရှိပြီး ၁၅၈ ဒသမ ၅ ဆ မြှင့်တက်ခဲ့ သည်။ သွင်းကုန်ပို့ကုန် ကုန်သွယ်မှုတန်ဖိုးမှာ ယွမ် ၂၃ ဒသမ ၆၁ ဘီလီယံရှိပြီး ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်လာပါသည်။ သွင်းကုန်တန်ဖိုးအနေဖြင့် ယွမ် ၂၂ ဒသမ ၆၉ ဘီလီယံရှိပြီး ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ပို့ကုန် တန်ဖိုးမှာ ယွမ် သန်း ၉၂၀ ရှိပြီး ၂၁ ဒသမ ၁ ဆ တိုးမြှင့်ခဲ့သည်။

ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်မှုမှာ ယခုနှစ် ပထမ ငါးလအတွင်း ပြန်လည် ကောင်းမွန်လာကြောင်း၊ ပို့ကုန်အမျိုးအစားများမှာ ယမန်နှစ် အလားတူကာလတွင် ၁၈၄ မျိုးမှ ယခုနှစ်တွင် ၁၆၉၈ မျိုးအထိ မြင့်တက်လာကြောင်း၊ ကုန်သွယ်မှုငွေပမာဏ ရရှိသော နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းအဖွဲ့၏ အရေအတွက်မှာ ယခင်နှစ်က ၂၉ ခုသာ ရှိရာမှ ယခုနှစ်တွင် ၅၄၅ ခုအထိ တိုးလာကြောင်း ရွှေလီအကောက်ခွန်ဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အရင်းအမြစ်:德宏州融媒体中心 (www.yunnangateway.com)

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)