China(Nanning)

တရုတ်နှင့် အာဆီယံနိုင်ငံများသည် ဒူးရင်းသီးစိုက်ပျိုးမှုအတွက် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုမဟာမိတ်အဖွဲ့ကို ထူထောင်ခဲ့

Last Updated:

တရုတ်နိုင်ငံ၊ Hainan Academy of Agricultural Sciences (HNAAS) နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများရှိ ဒူးရင်းသီးစိုက်ပျိုးထုတ်လုပ်သည့်အသင်းများအကြား မဟာမိတ်ဖွဲ့ခြင်းဖြင့် ဒူးရင်းလုပ်ငန်းတွင် သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခဲ့ကြောင်း သိရှိရပါသည်။

China-ASEAN Durian Science and Technology Innovation Alliance သည် ပွင့်လင်း၍ အားလုံးပါဝင်ပြီး အပြန်အလှန် အကျိုးရှိသော သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု ပလက်ဖောင်းကို တည်ထောင်ရန်နှင့် ဒူးရင်းသီးစိုက်ပျိုးခြင်းနည်းပညာ၊ ဒူးရင်းသီးမျိုး အရည် အသွေးမြှင့်တင်မှုနည်းပညာ၊ ထုတ်လုပ်မှုနည်းပညာနှင့် စက်မှုကွင်းဆက်ဆန်းသစ်တီထွင်မှုတို့ တွင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထား ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ် Sanya တွင် ဇူလိုင်လ (၁၉)ရက်နေ့မှ (၂၁)ရက် နေ့အထိ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ ဒူးရင်းသီးလုပ်ငန်းနှီးနှောဖလှယ်ပွဲ၌ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါမဟာမိတ်အဖွဲ့သည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ဒေသတွင်းစက်မှုကွင်း ဆက်၏ အားသာချက်များကို အသုံးချနိုင်စေရန်နှင့် သုတေသနနှင့် ဆန်းသစ်တီထွင်မှု၊ ထုတ်လုပ် မှု၊ ဝန်ထမ်းများလေ့ကျင့်သင်ကြားမှုနှင့် ဈေးကွက်မြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ကူညီသွားမည်ဖြစ်ကြောင်း HNAAS ၏ အတွင်းရေးမှူး Liu Zuokai က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဟိုင်နန်ပြည်နယ်သည် ၂၀၁၉ ခုနှစ်တွင် ဒူးရင်းပင်များကို အများအပြားစမ်းသပ်စိုက်ပျိုး ခဲ့ပြီး ပြည်တွင်း၌ စိုက်ပျိုးထားသောဒူးရင်းသီးများကို ပထမအသုတ်အဖြစ် ခူးဆွတ်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် Sanya မြို့၏ ဒူးရင်းသီးထွက်ရှိမှုသည် တန်ချိန် (၅၀)ခန့်အထိရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဟိုင်နန်ပြည်နယ်တွင် ဒူးရင်းစိုက်ဧရိယာ  (၂,၆၆၇)ဟက်တာခန့်အထိ များပြားလာပြီး အထွက် နှုန်းမှာ တန်ချိန် (၂၅၀)ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

Source: https://english.news.cn/20240722/b044255dff3f4422b1effbba32e0fe5b/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: China(Nanning)