Korea

တောင်ကိုရီးယားနိုင်ငံပိုင် လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးသည့် KEPCO က စက်မှုလုပ်ငန်းသုံး လျှပ် စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ပြီး လူနေအိမ်သုံးလျှပ်စစ်ဓာတ်အားခနှုန်းထားများကို ယခင်အတိုင်း ဆက်လက်ထားရှိမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံပိုင် လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးသည့်  KEPCO (State Utility Korea Electric Power Corp.) က စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်လိုက် ပြီး လူနေအိမ်သုံး လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ယခင်အတိုင်း ဆက်လက်ထားရှိမည်ဖြစ် ကြောင်း ၂၃-၁၀-၂၀၂၄ ရက်နေ့တွင်  ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၄-၁၀-၂၀၂၄ ရက်နေ့မှ စတင်၍ ကော်ပိုရေးရှင်းကြီးများကဲ့သို့သော အကြီးစားစက်မှုလုပ်ငန်းအသုံးပြုသူများအပေါ် ပျမ်းမျှအားဖြင့် ၉.၇ ရာခိုင်နှုန်းမှ ၁၀.၂ ရာခိုင်နှုန်းအထိ (မူလက တစ်ကီ လိုဝပ်/နာရီလျှင် ၁၆၅. ၈ ဝမ်ကျသင့်သော်လည်း နှုန်းသစ်တွင် ၁၈၂.၇ ဝမ် အထိကျသင့်မည်) တိုး မြှင့်ကောက်ခံမည် ဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားကုမ္ပဏီများ (SMEs) အ ပေါ်တွင် ၅.၂ ရာခိုင်နှုန်း (မူလက တစ်ကီလိုဝပ်/နာရီလျှင် ၁၆၄.၈ ဝမ်ကျသင့်သော်လည်း နှုန်းသစ်တွင် ၁၇၃.၃ ဝမ် အထိကျသင့်မည်) တိုးမြှင့်ကောက်ခံမည်ဖြစ်ပါကြောင်း၊ အရွယ်အစားသေးငယ်သောဆိုင်များနှင့် မိသားစုသုံးများအတွက် တိုးမြှင့်မည်မဟုတ်ပါကြောင်း၊ KEPCO အနေဖြင့် နှစ် ပေါင်းများစွာ ကြုံတွေ့နေရသော ငွေကြေးအခက်အခဲများကို ဖြေရှင်းရန်ရည်ရွယ်၍သာ ယခုကဲ့သို့ နှုန်းထားများ တိုးမြှင့်ခြင်းဖြစ်ကြောင်း KEPCO က ထုတ်ပြန်ခဲ့ပါသည်။

ယင်းသို့ တိုးမြှင့်လိုက်ခြင်းအပေါ် စီးပွားရေးလုပ်ငန်းများမှ မကျေနပ်မှုများရှိနေပါသည်။ စက်မှုလုပ်ငန်းသုံးလျှပ်စစ်ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ခြင်းသည် ထုတ်လုပ်မှုကုန်ကျစရိတ် ကို မြင့်မားစေမည့်အပြင် ဝန်ထုပ်ဝန်ပိုးများထပ်လောင်းဖြစ်ပေါ်စေကြောင်း၊ KEPCO ၏ ကုန်ကျ စရိတ်ကို လျှပ်စစ်သုံးစွဲသူအားလုံးက မျှ၍ကျခံသင့်ကြောင်း  ကိုရီးယားကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းက ဝေဖန်ကြပါသည်။

ထို့ကြောင့် KEPCO က သတင်းစာရှင်းလင်းပွဲတွင် “စက်မှုလုပ်ငန်းသုံးများမှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် စုစုပေါင်း လျှပ်စစ်သုံးစွဲမှု၏  ၅၃.၂ ရာခိုင်နှုန်းအထိရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်က အကြီးစား စက်မှုလုပ်ငန်းများ၏ သုံးစွဲမှုသည် စုစုပေါင်း လျှပ်စစ်သုံးစွဲမှု၏  ၄၈.၁ ရာခိုင်နှုန်းအထိ ရှိပါကြောင်း၊ ဓာတ်အားပြတ်တောက်မှုများမဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာ အဆောက်အဦများနှင့် ကိရိယာများပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများဆောင်ရွက်ရန်နှင့် နောက်ပိုင်းတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် AI (ဉာဏ်ရည်တု) ကဲ့သို့သော အဆင့်မြင့်ခေတ်မီစက်ရုံ/ လုပ်ငန်းကြီးများအတွက် လိုအပ်သည့် မဟာဓာတ်အားလိုင်းများတိုးချဲ့ရန် ဓာတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံရခြင်းဖြစ်ပါကြောင်း” ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့ပြင် လောင်စာဆီဈေးနှုန်းများမြင့်မားလာခြင်းကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒုတိယ ၆ လအထိ ကာလအတွင်း KEPCO သည် စုစုပေါင်းတောင်ကိုရီးယားဝမ် ၄၁ ထရီလီယံ အရှုံးပြခဲ့ပါ ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၆ လအထိ စာရင်းအရ KEPCO ၏ ကြွေးမြီသည် ဝမ်ငွေ ၂၀၃ ထရီလီ ယံအထိ မြင့်တက်ခဲ့ပါကြောင်း၊ ယင်းအတွက် ပေးချေရမည့်အတိုးနှုန်းကိုပါ ထည့်၍ပေါင်းလျှင် ပြီးခဲ့သည့် သုံးလပတ်လေးကြိမ်ဆက်တိုက်တွင် ရရှိခဲ့သည့်လုပ်ငန်းအမြတ်ငွေထက်ပင် ကျော်လွန်နေ ပါကြောင်း KEPCO ၏ CEO Mr. Kim Dong-cheol က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါ သည်။

ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးကလည်း အကြီးစားစက်မှုလုပ်ငန်းများ၏ ထုတ်ကုန်များသည် ပြည်ပသို့တင်ပို့သည့် ကုန်စည်များဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ခအတွက် ကုန်ကျစရိတ်သည် ၎င်းတို့၏ စုစုပေါင်းကုန်ကျစရိတ်၏ ၁.၃ ရာခိုင်နှုန်းသာရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားခ မြင့်မားလာမှုကြောင့် ထုတ်လုပ်မှုစရိတ်မြင့်မားသည့်တိုင်အောင် ပြည်ပသို့ တင်ပို့သည့်ကုန်စည်ဈေးနှုန်းသာ မြင့်မားမည်ဖြစ်သည့်အတွက် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုသည် အနည်းဆုံးအတိုင်းအတာသာရှိနိုင်ကြောင်း KEPCO ၏ သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ပါသည်။

စုစုပေါင်း လျှပ်စစ်သုံးစွဲမှု၏ ရာခိုင်နှုန်းအတော်များများကို သုံးစွဲမှုပြုသည့် လုပ်ငန်းများ အ ပေါ်တွင် လျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံသည့် မူဝါဒကို ကျင့်သုံးလျက်ရှိသည့် ဖွံ့ဖြိုးပြီး နိုင်ငံ တစ်နိုင်ငံ၏ ရှူထောင့်မျိုးစုံဘက်မှကြည့်၍ မူဝါဒတစ်ခုချမှတ်ဆောင်ရွက်ခြင်းကို တင်ပြအပ်ပါ သည်။

https://www.koreatimes.co.kr/www/tech/2024/10/129_384850.html#:~:text=KEPCO%20said%20it%20will%20raise,%2Dsized%20enterprises%20(SMEs)

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။

 

 

Category: Korea