လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များသည် အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံကို စိုက်ပျိုးရေးထုတ်ကုန်များ၏ အကြီးဆုံးတင်ပို့သူအဖြစ် ပြောင်းလဲစေနိုင်ပြီး ကမ္ဘာ့အဆင့်တွင် အဆင့် ၈ တင်ပို့သူအဖြစ်သို့ ရောက်ရှိစေမည်ဖြစ်ကြောင်း ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။
ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေး မသေချာမှုများကြောင့် ပြည်ပဈေးကွက်များ တွင် ယှဉ်ပြိုင်မှုများ ပြင်းထန်နေသော်လည်း ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များ၏ ပို့ကုန်များသည် တိုးတက်မှုအလားအလာသည် ကောင်းမွန်နေဆဲဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၈ လအတွင်း ထိုင်း စိုက်ပျိုးရေးထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၉.၈ ဘီလီယံ ရှိခဲ့ပြီး ၈ ရာခိုင် နှုန်း တိုးတက်မှုရှိခဲ့ပါကြောင်း၊ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ပါ နိုင်ငံများသို့ တင်ပို့ ခဲ့မှုသည် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံရှိပြီး နိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးရေး ပို့ကုန်၏ ၆၉ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးပို့ကုန်များ၏ ၃၁ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ၊ ၁၅ ရာခိုင်နှုန်းကို အာဆီယံ၊ ၁၁ ရာခိုင်နှုန်းကို ဂျပန်နှင့် ၃ ရာခိုင်နှုန်းကို တောင်ကိုရီးယားနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပါကြောင်း ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် Ms. Chotima Iemsawasdikul က ပြောကြားခဲ့ပါသည်။
ဈေးကွက်များသည် သိသိသာသာတိုးတက်မှုရှိခဲ့ပြီး အာဆီယံ ၃၉ ရာခိုင်နှုန်း၊ အိန္ဒိယ ၃၄ ရာခိုင် နှုန်း၊ ဩစတြေးလျ ၂၃ ရာခိုင်နှုန်း၊ စင်ကာပူ ၁၀ ရာခိုင်နှုန်း၊ တောင်ကိုရီးယား ၉ ရာခိုင်နှုန်း နှင့် ဂျပန် ၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း FTA မိတ်ဖက်နိုင်ငံများသို့ ထိုင်းစိုက်ပျိုးရေး ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ဈေးကွက်အတွင်း ထိပ်တန်းစိုက်ပျိုး ရေး ပို့ကုန် ၅ မျိုးမှာ လတ်ဆတ်နှင့် အေးခဲအသီးများ၊ ဆန်၊ သဘာဝရာဘာ၊ လတ်ဆတ်နှင့်အေးခဲ ကြက်သားများနှင့် ပီလောပီနံထုတ်ကုန်များဖြစ်ကြောင်း၊ ထိုင်းလုပ်ငန်းရှင်များအနေဖြင့် FTA ခံစားခွင့် များကို မြှင့်တင်ခြင်းဖြင့် ပို့ကုန်များကို တိုးချဲ့နိုင်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် နိုင်ငံ ၁၈ နိုင်ငံနှင့် FTA ၁၄ ခု လက်မှတ်ရေးထိုးထားပါကြောင်း၊ သဘာဝရာဘာ (တရုတ်နှင့် အိန္ဒိယမှလွဲ၍)၊ ပီလောပီနံ (ဂျပန်၊ တောင်ကိုရီးယးနှင့် အိန္ဒိယမှလွဲ၍)၊ ပြုပြင်ပြီးကြက်သား (ဂျပန်၊ တောင်ကိုရီးယား၊ ချီလီ နှင့် ပီရူး) နှင့် လတ်ဆတ်နှင့် အေးခဲ သစ်သီး (ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုမှလွဲ၍) အပါအဝင် ထိုင်းနိုင်ငံမှ ကုန်စည်အများစုသည် သွင်းကုန်ခွန်ကင်းလွတ်ခွင့်ရရှိကြောင်း သိရှိရပါသည်။
ပို့ကုန်လုပ်ငန်းရှင်များအတွက် ခိုင်မာသော ဈေးကွက်နှင့် ငွေကြေးလဲလှယ်နှုန်း တည်ငြိမ် မှုအပါအဝင် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် ချုပ်ဆိုထားသော FTA ပါခံစားခွင့်များသည် အကျိုး ကျေးဇူးဖြစ်စေသော အချက်များဖြစ်ရာ ထိုင်းနိုင်ငံသည် နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် FTA လက်မှတ်ရေး ထိုးခြင်းဖြင့် ပို့ကုန်ဆိုင်ရာ ခံစားခွင့်များ ထပ်တိုးရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင် ပြအပ်ပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။