Russia

ရုရှားသည် အိန္ဒိယမှ ရေထွက်ကုန်များတင်သွင်းမှု ၃၄ ရာခိုင်နှုန်းကျဆင်း

Last Updated:

၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် ရုရှားနိုင်ငံသည် အိန္ဒိယရေထွက်ကုန်များဖြစ်သည့်  ပုစွန်အမျိုးအစားအချို့ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၀.၈ သန်းရှိပြီး ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း အိန္ဒိယစာရင်းအင်း ဝန်ဆောင်မှုအချက်အလက်များက ဖော်ပြထားသည်။

 ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း တင်သွင်းမှုပမာဏသည် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ငါးပုံတစ်ပုံနီးပါး လျော့ကျသွားသည်။ မော်စကိုသည် နယူးဒေလီမှ ပုစွန်မျိုးစိတ်များထဲက အချို့သော ပုစွန်အမျိုးအစားများ အထူးသဖြင့် ပုစွန်ဖြူများကို သြဂုတ်လတွင် ဒေါ်လာ ၁၀.၇ သန်းနှင့် ရေချိုပုစွန်အချို့ကို ဒေါ်လာ ၁၃၀,ဝဝဝ ဖြင့် ဝယ်ယူခဲ့သည်။

၂၀၂၄ ခုနှစ်၊ ၈ လတာကာလအတွင်း ရုရှားသည် အိန္ဒိယမှ အမေရိကန်ဒေါ်လာ ၈၂.၃ သန်းတန်ဖိုးရှိ ရေထွက်ကုန်များကို ဝယ်ယူတင်သွင်းခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁.၃ ဆ လျော့ကျသွားသည်။ အဆိုပါကာလအတွင်း ပုစွန်ဖြူ(ကန်ဒေါ်လာ ၇၉ သန်း)နှင့် ရေချိုပုစွန်(ကန်ဒေါ်လာ ၁.၁ သန်း) ဝယ်ယူတင်သွင်းခဲ့သည်။ ထို့အပြင် ပုစွန်ကျား(ကန်ဒေါ်လာ ၄၁၀,၀၀၀)၊ အေးခဲပြည်ကြီးငါး (ကန်ဒေါ်လာ ၁၇၀,ဝဝဝ)၊ အေးခဲ ရေဘဝဲ(ကန်ဒေါ်လာ ၁၄၀,၀၀၀)နှင့် အခြားရေထွက်ကုန် ပမာဏအနည်းငယ်ကိုလည်း တင်သွင်းခဲ့သည်။

ရုရှားသည် ဩဂုတ်လတွင် အိန္ဒိယပင်လယ်စာများ  ဝယ်ယူတင်သွင်းသည့်နိုင်ငံများ အနက် အဆင့် ၇ နေရာတွင် ရပ်တည်ခဲ့သည်။ ထိပ်ဆုံး ၅ နိုင်ငံတွင် အမေရိကန် (ဒေါ်လာ ၁၈၀ သန်း)၊ တရုတ် (ဒေါ်လာ ၄၉ သန်း)၊ ဂျပန် (ဒေါ်လာ ၃၆ သန်း)၊ ဘယ်လ်ဂျီယံ (ဒေါ်လာ ၁၆ သန်း) နှင့် ကနေဒါ (ဒေါ်လာ ၁၄ သန်း)တို့ ပါဝင်သည်။

ရုရှားမှ အဓိကတင်သွင်းသော ရေထွက်ကုန်အမျိုးအစားများမှာ အေးခဲငါးများ အပါအဝင် Vannamei ပုစွန်၊ ပုစွန်ကျား၊ ပုစွန်ဖြူ၊ salmon နှင့် ပြည်ကြီးငါးများဖြစ်သဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုစွန်များအား ရုရှားနိုင်ငံသို့ တင်ပို့နိုင်မည့် အလားအလာ ကောင်းများ ရှိနေကြောင်း သိရှိရသည်။

Source :       https://ria.ru/20241027/moreprodukty-1980327855.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: Russia