Thailand

၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုသည် ၆ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့

Last Updated:

ယခုနှစ် ပထမ ၁၀ လအတွင်း ထိုင်းနိုင်ငံ နယ်စပ်နှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ၆.၁၈ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် ၁.၅၁ ထရီလီယံ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

ပို့ကုန်တန်ဖိုးမှာ ဘတ် ၈၇၂ ဘီလီယံရှိခဲ့ပြီး ၅.၆၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါကြောင်း၊ သွင်း ကုန်သည် ဘတ် ၆၄၃ ဘီလီယံရှိခဲ့သဖြင့် ၆.၉၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါကြောင်း၊ နိုင်ငံ၏ နယ်စပ် ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု တန်ဖိုးကို ၂၀၂၇ ခုနှစ်တွင် ဘတ် ၂ ထရီလီယံသို့ ရောက်ရှိနိုင်ရေး ရည်မှန်းချက်ထား ကြိုးပမ်းလျက်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်ရေးဂိတ်ပေါက်များကို မြှင့်တင်နိုင်ရေးနှင့် ချင်းရိုင်ရှိ Chiang Saen Port ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆိပ်ကမ်းသည် မဲခေါင်အထက်ပိုင်း ဒေသများ ရှိ ထိုင်းနှင့် လာအို၊ မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးအလားအလာရှိသော ဆိပ်ကမ်း ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လေ့လာဆန်းစစ်ချက်ကို ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိကကဏ္ဍ တို့အကြား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ် ပထမ ၁၀ လအတွင်း Chiang Saen ဆိပ်ကမ်းမှ နယ်စပ်နှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် ဘတ် ၅.၉၆ ဘီလီယံ ရှိခဲ့သဖြင့် ၂၁.၅ ရာခိုင်နှုန်း တိုး တက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

ဆိပ်ကမ်းမှ ပို့ကုန်တန်ဖိုး ဘတ် ၅.၆၅ ဘီလီယံထိ တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုး ဘတ် ၃၁၂ သန်းထိ တင်သွင်းခဲ့ကြောင်း၊ တရုတ်က ယူနန်ပြည်နယ်တွင် Guanlei စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး နောက် အဆိုပါလမ်းကြောင်းသည် သစ်သီးတင်ပို့မှုအတွက် အရေးကြီးလာပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်ရေးကိုမြှင့်တင်ရန်နှင့် လွယ်ကူချောမွေ့ စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဒေသ (၄) ခုရှိ အထူးစီးပွားရေးဇုန်များနှင့် နယ် စပ် ပြည်နယ်များ၌ ကုန်စည်ပြပွဲ ၆ ခုကို ကျင်းပနိုင်ရေး စီစဉ်ထားပါကြောင်း၊ ထိုင်းနိုင်ငံ၏ လက်ရှိဖွင့် လှစ်ထားသည့် စစ်ဆေေရေး ဂိတ်များနှင့် တိုက်ရိုက်ကျသော နေရာများတွင် စစ်ဆေးရေးဂိတ် အသစ် များ ဖွင့်လှစ်နိုင်မှုရှိ-မရှိ ဖြစ်နိုင်ခြေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အိမ်နီးချင်းနိုင်ငံ များနှင့် ဆွေးနွေးသွားလိုကြောင်း၊ ထိုင်းနိုင်ငံ၏ စစ်ဆေးရေးဂိတ် (၉၄) ခုအနက် (၈၆) ခုမှာ ဖွင့်လှစ် ပြီးဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများသည်(၇၃) ခုသာ ဖွင့်လှစ်ထားသေးကြောင်း ဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand