China(Nanning)

တရုတ်နိုင်ငံသည် အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများအား ချေးငွေအထောက်အပံ့ပေးခြင်းနှင့် အခွန်လျှော့ချပေးခြင်းတို့ကို ထပ်မံသက်တမ်းတိုး

Last Updated:

တရုတ်နိုင်ငံသည် အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ချေးငွေထောက်ပံ့ပေးခြင်းနှင့် အခွန်လျှော့ချပေးခြင်း အပါအဝင် သက်သာခွင့်ဆိုင်ရာအစီအမံများကို ထပ်မံသက်တမ်းတိုးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

လစဉ်ရောင်းရငွေ ယွမ် (၁၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ခန့်) ထက်မပိုသော အခွန်ထမ်းသူများသည် တန်ဖိုးဖြည့်ခွန် ကင်းလွတ်ခွင့် ဆက်လက်ရရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အခွန်အာဏာပိုင်အဖွဲ့တို့မှ ပူးပေါင်းထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

ထို့အပြင် လက်ရှိတွင် တန်ဖိုးဖြည့်ခွန် (၁)ရာခိုင်နှုန်း(ယခင် ၃ ရာခိုင်နှုန်းမှ လျှော့ချပေးထားသည့်)သာ ပေးဆောင်ရသည့် အသေးစားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများနှင့် မိသားစုပိုင်စီးပွားရေးလုပ်ငန်းများအတွက် အခွန်သက်သာခွင့်မူဝါဒသည်လည်း ဆက်လက်အသက်ဝင် နေမည်ဖြစ်ကြောင်း သိရှိရပါသည်။

အခြားဘဏ္ဍာရေးဆိုင်ရာအထောက်အပံများကိုလည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ငွေချေးသူများအနေဖြင့် အဆိုပါလုပ်ငန်းငယ်များနှင့်ဆက်စပ်သည့် ချေးငွေမှရရှိသည့် အတိုးနှင့် အာမခံကြေးတို့မှ ရရှိသော၀င်ငွေအတွက် တန်ဖိုးဖြည့်ခွန်မှ ကင်းလွတ်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ငွေချေးစာချုပ်များသည်လည်း တံဆိပ်ခေါင်းခွန် ကင်းလွတ်ခွင့် ဆက်လက်ရရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါမူဝါဒများအားလုံးသည် ၂၀၂၇ ခုနှစ်ကုန်အထိ အကျိုးသက်ရောက်မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

 

 

 

Source: https://english.news.cn/20230802/3c9bb22e3c0b446b8f09544355cfbb02/c.html

( စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)