China (HongKong)

ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ ၇၂ ရာခိုင်နှုန်းကျော် ပြည်ပဈေးကွက် ချဲ့ထွင်လို

Last Updated:

ဟောင်ကောင်အခြေစိုက် ကုမ္ပဏီ ၁၀ ခုအနက် ၇ ခု (၇၂ ရာခိုင်နှုန်း) မှာ ၎င်းတို့၏လုပ်ငန်းများကို ပြည်ပဈေးကွက်များသို့ တိုးချဲ့လိုကြသည်ဟု UOB ၏ စီးပွားရေးရာလေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားကြောင်း Hong Kong Business သတင်းဌာနမှ “7 in 10 HK-based firms eye overseas expansion” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်အခြေစိုက်ကုမ္ပဏီများ၏ ၄၇ ရာခိုင်နှုန်းမှာ ပြင်ပဈေးကွက်သို့ တိုးချဲ့လုပ်ကိုင်သွားရန် အနည်းငယ်စိတ်ဝင်စားသော်လည်း ၂၆ ရာခိုင်နှုန်းမှာ အလွန်စိတ်ဝင်စားလျက်ရှိကြောင်း၊ လက်ကားရောင်းချသည့် ကုန်သွယ်မှုလုပ်ငန်းများမှာ လုပ်ငန်းချဲ့ထွင်ရန် စိတ်အဝင်စားဆုံးဖြစ်ပြီး၊ နည်းပညာလုပ်ငန်း၊ မီဒီယာနှင့်ဆက်သွယ်ရေးလုပ်ငန်း၊ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် အင်ဂျင်နီယာလုပ်ငန်းများမှလည်း စိတ်ပါဝင်စားမှုမြင့်မားကြောင်း ရေးသားဖော်ပြထားပါသည်။

ထိုသို့ပြည်ပဈေးကွက်သို့ တိုးချဲ့ရန် စိတ်ပါဝင်စားသည့် အကြောင်းရင်းသုံးချက်မှာ - အကျိုးအမြတ်တိုးမြင့်ရရှိရန်၊ နိုင်ငံတကာတွင်လုပ်ငန်း၏ ဂုဏ်သတင်းတည်ဆောက်နိုင်ရန်နှင့် ၎င်းတို့၏ အခွန်အခတိုးမြင့်နိုင်ရန်ဖြစ်ကြောင်းနှင့် လုပ်ငန်းချဲ့ထွင်လိုသည့် လုပ်ငန်းအများစုမှာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလမ်းကြောင်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

နည်းပညာလုပ်ငန်း၊ မီဒီယာနှင့်ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် နယ်စပ်ဖြတ်ကျော် ဒစ်ဂျယ်တယ်ကုန်သွယ်ရေးလမ်းကြောင်းများကို အသုံးပြုသွားရန် စိတ်ပါဝင်စားနေကြောင်း ရေးသားဖော်ပြထားပါသည်။

အရှေ့တောင်အာရှဈေးကွက်တွင် ဟောင်ကောင်လုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်ရန် စိတ်ဝင်စားမှုအရှိဆုံးနေရာများမှာ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဟောင်ကောင်

Category: China (HongKong)