China (Kunming)

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများတွင် စီးပွားရေးပြန်လည်ဦးမော့လာမှုကြောင့် အမြတ်ငွေ ကျဆင်းမှု လျော့နည်းလာသည်ကို တွေ့ရှိရ

Last Updated:

တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည့် National Bureau of Statistics (NBS) ၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ အဓိကစက်မှုလုပ်ငန်းကုမ္ပဏီများအနေဖြင့် ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း အမြတ်ငွေများ ကျဆင်းခဲ့သည်။

စက်မှုလုပ်ငန်းကုမ္ပဏီများ၏ အမြတ်ငွေများသည် ယွမ် ၃ ဒသမ ၉၄ ထရီလျံ (ဒေါ်လာ ၅၄၁ ဒသမ ၀၁ ဘီလီယံ) အထိ တက်လာခဲ့သော်လည်း ၂၀၂၃ ခုနှစ် ပထမ (၇) လတွင် အမြတ်ငွေ ၁၅ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သဖြင့် ပထမနှစ်ဝက်ထက် ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့နည်းသွားသည်ကို တွေ့ရသည်။

ဇူလိုင်လတွင် စက်မှုလုပ်ငန်းများ၏ ၀င်ငွေမှာ ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဇွန်လနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၉ ရာခိုင်နှုန်း လျော့နည်းသွားသည်။ NBS စာရင်းအင်းပညာရှင် Sun Xiao က တိုးတက်လာသော ၀င်ငွေသည် စက်မှုလုပ်ငန်းမှ အမြတ်အစွန်းများအပေါ် ကာမိလာစေရန် အထောက်အကူပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤကာလအတွင်း စက်ပစ္စည်းထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ၏ အမြတ်ငွေသည် ပထမခုနှစ်လတွင် ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကာ တိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင်လျက်ရှိသည်။ စက်မှုလုပ်ငန်းများအနက် လျှပ်စစ်ပစ္စည်းလုပ်ငန်းသည် လစ်သီယမ်-အိုင်းယွန်း ဘက္ထရီများနှင့် အိမ်သုံးလေအေးပေးစက်များ၏ ၀ယ်လိုအားကြောင့် အမြတ်ငွေမှာ ၃၃ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။

တရုတ်နိုင်ငံသည် စျေးကွက်ယုံကြည်မှုအား ဆက်လက်မြှင့်တင်ခြင်း၊ စီးပွားရေးအဖွဲ့အစည်းများ၏ တက်ကြွမှုကို အားပေးဆောင်ရွက်ခြင်းနှင့် စက်မှုစီးပွားရေးကဏ္ဍ ပြန်လည် ထူထောင်ရေးကို မြှင့်တင်သွားရမည်ဖြစ်ကြောင်း Sun က ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ပထမ (၇) လတာကာလအတွင် စီးပွားရေး ပြန်လည် ဦးမော့လာမှုနှင့်အတူ ၎င်း၏ စက်မှုစီးပွားရေး ကဏ္ဍ၏ အမြတ်ငွေ ကျဆင်းမှုသည်လည်း ကိုဗစ် ၁၉  အလွန်ကာလများထက် လျော့နည်းလာပြီး အမြတ်ရာခိုင်နှုန်းများ မြှင့်တက်လာသည်ကို တွေ့ရှိရသည်။ စက်မှုစီးပွားရေးကဏ္ဍတွင် လျှပ်စစ်ပစ္စည်းလုပ်ငန်းသည် ယခုကာလအတွင်း ပိုမိုးတိုးတက်မှုများ မြင်တွေ့ရပြီး လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဆိုင်ကယ် ထုတ်လုပ်မှုတွင် ပိုမိုကောင်းမွန်သောအရည်အသွေးနှင့် နည်းပညာများ ပိုင်ဆိုင်ထားသည်ကို တွေ့ရှိရသည်။

တရုတ်နိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်း မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်လိုအပ်ချက်အတွက် အထောက်အကူဖြစ်နိုင်သည့် အလားအလာများရှိသဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းဖြင့် နိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် စက်မှုလုပ်ငန်းများ၌ ပိုမိုဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

အရင်းအမြစ်။ https://news.cgtn.com/news/China-s-industrial-firms-see-profits-decline-narrow-1mBGqybidTq/index.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)