Phillippines

ဖိလစ်ပိုင်၏ ငါးလုပ်ငန်းကဏ္ဍအထွက်နှုန်းတိုးတက်စေရန် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၁၇၆ သန်း ထောက်ပံ့

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍတွင် အထွက်နှုန်းတိုးမြင့်စေရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၆ သန်း ထောက်ပံ့ရန် သဘောတူညီခဲ့ပါကြောင်း၊ ကြေငြာချက်တွင် ငါးလုပ်ငန်းကဏ္ဍနှင့် ကမ်းရိုးတန်းဒေသစီမံကိန်း Fisheries Management and the Value of Fisheries Production (FISHCORE) တွင် ဝင်ငွေတိုးမြင့်လာစေရန်၊ အထွက်နှုန်းတိုးမြင့်စေရန် ရည်ရွယ်ပါကြောင်း၊ ငါးဖမ်းသမားများ၊ SMEs လုပ်ငန်းများနှင့် ကမ်းရိုးတန်းဒေသရှိ ဒေသခံများအား အမေရိကန်ဒေါ်လာ ၁.၁၅ သန်းကျော် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါစီမံကိန်းမှ အမြတ်ရရှိနိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြပါရှိပါသည်။

ကမ္ဘာ့ဘဏ်မှ စီမံကိန်းဧရိယာ (၂) ခုဖြစ်သော Luzon ပြည်နယ် အနောက်မြောက် ကမ်းရိုးတန်းဒေသနှင့် Visayas and Mindanao ဒေသကြားရှိ အဓိကငါးဖမ်းဧရိယာအမှတ် FMA 6 and FMA 9 တို့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ငါးလုပ်ငန်းကဏ္ဍမှာ ပမာဏများပြားစွာဖမ်းယူမှု၊ ငါးဖမ်းသည့်နည်းလမ်း လိုအပ်ချက်ရှိနေမှု၊ ငါးမျိုးစိပ်နေရာများတဖြည်းဖြည့်းပျက်စီးလာခြင်းနှင့် အခြားအနှုတ်လက္ခဏာဆောင်သည့် လုပ်ဆောင်ချက်များကြောင့် ဆယ်စုနှစ်ကျော်ကာလအတွင်း ပျမ်းမျှ ၂၀ ရာခိုင်နှုန်း ကျဆင်းနေသည့်အတွက် အခက်အခဲရင်ဆိုင်နေရကြောင်း ဖော်ပြထားပါသည်။

ဖမ်းဆီးရရှိသည့် ငါးများအား ထိန်းသိမ်းသည့်စနစ် မကောင်းခြင်းကြောင့် နှစ်စဉ် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ ဆုံးရှုံးမှုများရှိနေကြောင်း၊ ယခုစီမံကိန်းအကောင်အထည်ဖော်ခြင်းဖြင့် ရင်ဆိုင်နေရသည့်အခက်အခဲများအား ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ငါးဖမ်းခြင်းလုပ်ငန်းစဉ်များ၊ ထုတ်လုပ်ခြင်း၊ ဈေးကွက်တင်ပို့ခြင်းအပါအဝင် ငါးလုပ်ငန်းကဏ္ဍနှင့် ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတို့တွင် ဖိလစ်ပိုင်နိုင်ငံနှင့် ကတိကဝတ်ပြုချက်များနှင့် ညီညွတ်မှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ Ndiame’ Diop မှ ပြောကြားခဲ့ပါသည်။

ထို့ပြင် အဆိုပါစီမံကိန်းသည် ကမ်းရိုးတန်းဒေသရှိ ငါးဖမ်းလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်၊ ငါးလက်ကျန်ဖူလုံမှုစေရန်၊ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန်၊ ပင်လယ်စာထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများအချင်းချင်း ယှဉ်ပြိုင်နိုင်မှု အားကောင်းစေရန်တို့ပါဝင်သည့် ရေရှည်စီမံကိန်းတစ်ခုဖြစ်ပါကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ စီမံကိန်းသည် ပြည်တွင်း/ပြည်ပရှိ ရေထွက်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများ၊ နိုင်ငံတွင်း ငါးရိက္ခာဖူလုံမှုရှိရေး၊ ငါးလုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်နေသည့် SMEs လုပ်ငန်းများအား ကူညီပေးနိုင်မည်ဖြစ်ပြီး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ငါးလုပ်ငန်းကဏ္ဍတွင် ပါဝင်သည့်  ငါးဖမ်းခြင်း၊ အအေးခန်းထဲတွင် သိမ်းဆည်းခြင်း၊ ပင်လယ်စာထုတ်လုပ်ခြင်း၊ ဈေးကွက်သို့ရောင်းချခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းတို့အာလုံးအတွက် အထောက်အပံ့ဖြစ်စေပြီး ၎င်းမှ အကျိုးအမြတ်များရရှိရန်မျှော်လင့်ကြောင်း ၊ ဖိလစ်ပိုင်အစိုးရမှ ရေးဆွဲထားသည့် FISHCORE Project သည် ရွေးချယ်ထားသည့် FMAs ဒေသများရှိ ကမ်းရိုးတန်းနှင့် ရေအရင်းအမြစ်တို့အား ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သဘာဝပတ်ဝန်းကျင်နှင့်စီးပွားရေး အကြံပေး Jingjie Chu မှ ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ဘဏ်၏ ရန်ပုံငွေထောက်ပံ့မှုအား ငါးလုပ်ငန်းကဏ္ဍစီမံခန့်ခွဲရေး၊ ဥပဒေပြဋ္ဌာန်းရေး၊ အရည်အသွေးမြှင့်တင်ရေး၊ ရာသီဥတုဖောက်ပြန်မှုဆိုးရွားလာခြင်းအား အကာအကွယ်ပေးနိုင်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ အခြားလိုအပ်သော ရင်းနှီးမြှုပ်နှံမှုများတွင် အသုံးပြုသွားမည်ဖြစ်ပြီး ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ လုပ်ငန်းများချဲ့ထွင်နိုင်ခြင်းနှင့် အရည်အသွေးမြှင့်တင်နိုင်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကျောင်းများ ဖွင့်လှစ်သွားပြီး သင်တန်းများပို့ချ ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines