တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတကာကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုတန်ဖိုးသည် အောက်တိုဘာလတွင် ယွမ် ၄.၃၂ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၆ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်အချက်အလက်များထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အမေရိကန်ဒေါ်လာ သတ်မှတ်ချက်အရ တရုတ်နိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှု တင်သွင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃၅ ဘီလီယံနှင့် ၂၇၃.၄ ဘီလီယံဒေါ်လာ အသီးသီးရှိကာ ပိုလျှံဒေါ်လာ ၆၁.၆ ဘီလီယံ ရှိခဲ့ကြောင်း နိုင်ငံတော်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ပို့ကုန်တန်ဖိုး ယွမ် ၂.၁၅ ထရီလီယံ နီးပါးအထိ ရောက်ရှိခဲ့ကြောင်း၊ သွင်းကုန်တန်ဖိုး စုစုပေါင်း ယွမ် ၁.၆၁ ထရီလီယံ ရှိကာ ပိုလျှံငွေ ယွမ် ၅၃၉.၁ ဘီလီယံ ရှိခဲ့ကြောင်းသိရှိရပါသည်။
ပို့ကုန်ဝန်ဆောင်မှုတန်ဖိုးသည် ယွမ် ၂၃၄.၂ ဘီလီယံရှိခဲ့ကြောင်း၊ သွင်းကုန်ဝန်ဆောင်မှု တန်ဖိုးသည် ယွမ် ၃၃၅.၉ ဘီလီယံရှိခဲ့သဖြင့် လိုငွေပြမှုမှာ ယွမ် ၁၀၁.၇ ဘီလီယံဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။
Source: http://en.people.cn/n3/2024/1130/c90000-20248592.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ