China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုဝင်ဘာလအတွင်း လျင်မြန်စွာတိုးတက် လာခဲ့

Last Updated:

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် အစိုးရမူဝါဒဆိုင်ရာပံ့ပိုးမှုများကြောင့် နိုဝင်ဘာလအတွင်း လျင်မြန်စွာတိုးတက်ခဲ့ကြောင်း တရားဝင်အချက်အလက်ထုတ်ပြန်ချက်များအရ သိရှိရပါ သည်။

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် ၀ယ်လိုအားစီမံခန့်ခွဲမှုဆိုင်ရာညွှန်းကိန်းများမှာ အောက်တိုဘာလတွင် ၅၀.၁ ရှိခဲ့ရာမှု နိုဝင်ဘာလတွင် ၅၀.၃ သို့ မြင့်တက်လာခဲ့ကြောင်း အမျိုးသားစာရင်း အင်းဗျူရို (NBS) ၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

ညွှန်းကန်း ၅၀ အထက်ဖော်ပြခြင်းသည် လုပ်ငန်းများချဲ့ထွင်နိုင်မှုကိုညွှန်ပြကြောင်း၊ ညွှန်းကိန်း ၅၀ အောက်ဖော်ပြခြင်းသည် လုပ်ငန်းချဲ့ထွင်နိုင်မှုနည်းပါးခြင်းကိုညွှန်ပြကြောင်း သိရှိရပါသည်။

အမျိုးသားစာရင်းအင်းဗျူရို၏ စာရင်းအင်းပညာရှင် Zhao Qinghe က ဆောင်ရွက်လျက်ရှိသည့် တိုးမြင့်မူဝါဒများနှင့် လက်ရှိမူဝါဒများ တဖြည်းဖြည်းအသက်ဝင်လာခြင်းကြောင့် နိုဝင်ဘာလတွင် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ပိုမိုမြန်ဆန်စွာ တိုးတက်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

Source: http://en.people.cn/n3/2024/1130/c90000-20248594.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  

Category: China(Beijing)