တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုဝင်ဘာလတွင်း ဗီဇာကင်းလွတ်ခွင့် မူဝါဒနှစ်ရပ်ချဲ့ထွင်မှုအရ နိုင်ငံအများအပြားမှ နိုင်ငံသားများ တရုတ်နိုင်ငံသို့ခရီးသွားခြင်း၊ စီးပွားရေးနှင့် မိသားစုလည်ပတ်မှု ဆောင်ရွက်ခြင်းများအတွက် ပိုမိုလွယ်ကူစေခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ စလိုဗက်ကီးယား၊ နော်ဝေး၊ ဖင်လန်၊ ဒိန်းမတ်၊ အိုက်စလန်၊ အန်ဒိုရာ၊ မိုနာကို၊ လင့်ချ်တန်စတိန်းနှင့် တောင်ကိုရီးယားတို့မှ နိုင်ငံသားများသည် ဗီဇာမလိုဘဲ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်နိုင်ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ ခရိုအေးရှား၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယား၊ မော်လ်တာ၊ အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် ဂျပန်တို့မှ နိုင်ငံသားများသည် ဗီဇာမလိုဘဲ တရုတ်နိုင်ငံသို့ ရက်ပေါင်း ၃၀ အထိ သွားရောက်လည်ပတ်နိုင်ကြောင်း သိရှိရပါသည်။
အလုပ်လုပ်ခြင်း၊ ပညာသင်ကြားခြင်းနှင့် သတင်းမီဒီယာသမားများကဲ့သို့ ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ချက်များတွင်ပါဝင်ခြင်းမရှိသူများမှာ နိုင်ငံတွင်းသို့ လာရောက်ရန် ဗီဇာကြိုတင်လျှောက်ထား ရန် လိုအပ်ကြောင်းသိရှိရပါသည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရှိပြီး Cruise ဖြင့် ရောက်ရှိလာသည့် နိုင်ငံရပ်ခြားခရီးသွားအဖွဲ့များမှာ ၇၂/၁၄၄ နာရီ ဗီဇာမလိုပဲ ကူးပြောင်းမှုပြုလုပ်နိုင် ကြောင်းနှင့် ဗီဇာမလိုပဲ ဝင်ရောက်ခွင့်ရှိကြောင်း၊ ဟိုင်နန်ကျွန်းတွင်လည်း နိုင်ငံပေါင်း ၅၉ နိုင်ငံမှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးထားကြောင်း သိရှိရပါသည်။
Source:https://news.cgtn.com/news/2024-12-01/China-expands-visa-free-access-1yYHy8ZoaBi/p.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ