Vietnam

၂၀၂၄ ခုနှစ်တွင် ဟိုချီမင်းသို့ ပထမဆုံးလာရောက်သော နိုင်ငံတကာခရီးသွားများအားကြိုဆို

Last Updated:

၂၀၂၄ ခုနှစ်တွင် နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ဟိုချီမင်းသို့ ပထမဦိးဆုံး လာရောက်လည်ပတ်သည့် နိုင်ငံတကာခရီးသွားများအား Tan Son Nhat လေဆိပ်အာဏာပိုင်နှင့် ဟိုချီမင်း ခရီးသွားလာရေးဦးစီးဌာနမှ ပူးပေါင်း၍ အထူးကြိုဆိုပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဆိုက်ရောက်ဂိတ်ရှိ ၄ နှင့် ၅ တွင် ပထမဆုံးလာရောက်သည့် ခရီးသွားများအား အုန်းရွက်မှ ပြုလုပ်သော ရိုးရာလက်မှုအနုပညာ လက်ဆောင်နှင့် ဒေသခံ စီးပွားရေးလုပ်ငန်းများက ပံ့ပိုးပေးသည့် ကျန်းမာရေးစောင်ရှောက်မှု ဘောက်ချာများနှင့်တကွ ကြိုဆိုခဲ့ကြသည်။

လေဆိပ်တွင်လည်း ခရီးသွားများအနေဖြင့် နှစ်သစ်ကူးပွဲတော်အတွင်း ကိုယ်တိုင်ပါဝင် ဆင်နွှဲနိုင်သည့် လက်ရေးလှရေးခြင်း၊ ရုပ်ထုပြုလုပ်ခြင်း၊ ရိုးရာတူရိယာဖျော်ဖြေပွဲ၊ အရှေ့တိုင်း နှစ်သစ်ကူး၏ ဓလေ့တစ်ခုဖြစ်သည့် သစ်ပင်များမှ အဖူးများကို ခူးဆွတ်ခြင်း စသည့်တို့ ပါဝင်ဆင်နွှဲနိုင်ကြောင်း ဖော်ပြထားသည်။

သြစတြေးလျနိုင်ငံမဲလ်ဘုန်းမှ ရောက်ရှိလာသော ခရီးသွား (၅) ဦးသည် မြူနီစပယ်  အာဏာပိုင်များထံမှ နိုင်ငံတကာ လေယာဉ်လက်မှတ်များကို လည်း ကောင်း၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ ဧည့်သည် (၈) ဦးသည် အထူးတန်းလေယာဉ်လက်မှတ်များရရှိကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဟိုချီမင်းသို့ နိုင်ငံတကာခရီးသွား ဝင်ရောက်မှု မြင့်တက်လာခဲ့ကာ စုစုပေါင်း ခရီးသွား (၅) သန်းအထိ ရရှိခဲ့ပြီး ယခင်နှစ်ထက် ၄၄.၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ပြည်တွင်းခရီးသွားဧည့်သည် (၃၅) သန်းအထိ ‌ရောက်ရှိခဲ့ပြီး ပြည်တွင်း ခရီးသွားလုပ်ငန်းကို  သိသိသာသာ အထောက်အကူဖြစ်စေကာ ဗီယက်နမ်ဒေါင် ၁၆၀,၀၀၀ ဘီလီယံ ၀င်ငွေရရှိခဲ့သည်။

ယခုနှစ်တွင် ဟိုချီမင်းသည် နိုင်ငံတကာခရီးသွားဦးရေ (၆) သန်းနှင့် ပြည်တွင်းခရီးသွားဦးရေ (၃၈) သန်းလာရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ၀င်ငွေမှာ ဗီယက်နမ်ဒေါင် ၁၉၀,၀၀၀ ဘီလီယံ ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာခရီးသွားလာရောက်မှုများပြားခြင်းကြောင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဝင်ငွေတိုးလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးနိုင်ခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မြှင့်တင်နိုင်ခြင်းစသည့် စီးပွားရေးအကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သည့်အတွက် ၂၀၂၄ ခုနှစ် နှစ်စမှစ၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုအား လေ့လာတင်ပြရပါသည်။

 

Source: The Sigon Times

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam