USA

AI Safety နှင့်ပတ်သက်၍ အမေရိကန်-ဗြိတိန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်

Last Updated:

AI Safety နှင့်ပတ်သက်၍ အမေရိကန်-ဗြိတိန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (U.S. Department of Commerce) ၏ ဝက်ဘ်ဆိုက်တွင် ၂-၄-၂၀၂၄ ရက်နေ့၌ “U.S. and UK Announce Partnership on Science of AI Safety” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။      

အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ဉာဏ်ရည်တု နည်းပညာများနှင့် ပတ်သက်၍ AI Models အဆင့်မြင့်နည်းပညာများ စမ်းသပ်ဆောင်ရွက်ရာတွင် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်သွားမည့် နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MOU) ကို ၁-၄-၂၀၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ နားလည်မှုစာချွန်လွှာကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo နှင့် ဗြိတိန်နိုင်ငံနည်းပညာဝန်ကြီး Ms. Michelle Donelan တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ယင်းစာချွန်လွှာအရ နှစ်နိုင်ငံ၏ သိပ္ပံကဏ္ဍတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်နှင့် AI models ၊ Systems နှင့် Agents ကဏ္ဍတိုးတက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ချက်ချင်းအာဏာအသက်ဝင်မည်ဖြစ်ကာ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေးခိုင်မြဲစေရန်နှင့် AI Safe ဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

AI ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်ဟု အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံ တို့က ယူဆကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကိုရှေးရှုလျက် အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် AI models ၊ Systems တို့နှင့် ပတ်သက်၍ ဖြစ်လာနိုင်ခြေရှိသည့် အန္တရာယ်များနှင့် AI Safety and Security ကဏ္ဍရှိ နည်းပညာဆိုင်ရာသုတေသန အချက်အလက်များကို နှစ်နိုင်ငံအကြား ဝေမျှသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

https://www.commerce.gov/news/press-releases/2024/04/us-and-uk-announce-partnership-science-ai-safety

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA