Vietnam

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ယခုနှစ် ၅ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလီယံရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းသည် မေလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ အမေရိကန်ဒေါ်လာ ၉၈.၆ သန်းကို ရှိပြီး ပထမငါးလတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလီယံသို့ ရောက်ရှိခဲ့သည်။

စည်ပင်သာယာရေးဦးစီးဌာန၏ စာရင်းများအရ ဇန်နဝါရီမှ မေလအတွင်း စီမံကိန်းအသစ် ၉၂ ခု ဝင်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံကျော် ရှိကြောင်း၊ လက်ရှိစီမံကိန်း ၆၄ ခုတွင် အမေရိကန်ဒေါ်လာ ၃၆.၈ သန်းနှင့် ပြည်တွင်းအစု ရှယ်ယာများ ဝယ်ယူခြင်းအတွက် အမေရိကန်ဒေါ်လာ ၅၇.၉ သန်း သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။

ပထမငါးလတွင် ဟနွိုင်းတွင် မှတ်ပုံတင်မတည်ရင်းနှီးငွေ ဗီယက်နမ်ဒေါင် ၁၂၄.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ) နှင့် အသစ်တည်ထောင်ထားသော လုပ်ငန်းပေါင်း ၁၂,၉၀၀ ရှိကြောင်းနှင့် တစ်နှစ်ထက်တစ်နှစ် ကုမ္ပဏီအရေအတွက်မှာ၂ ရာခိုင်နှုန်းနှင့် မတည်ရင်းနှီးငွေ  ၃.၅ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း ဖော်ပြထားပါသည်။

တစ်ချိန်တည်းတွင် စီးပွားရေးလုပ်ငန်း ၅,၄၀၀ ခန့်သည် ၎င်းတို့၏ လုပ်ငန်း လည်ပတ်မှုကို ပြန်လည်စတင်လာခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူက စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲမှုများ ကြောင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်အတွက် ရလဒ်ကောင်းများရရှိလာပါကြောင်း၊ အထူးသဖြင့် မြို့တော်ဟနွိုင်းတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်နိုင်သည့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများအား  Decentralization ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါ သည်။

 

 

Source: Viet Nam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam