Phillippines

အထည်ချုပ်အမှာများ အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့သွားသည့်အတွက် ဖိလစ်ပိုင် ဆုံးရှုံးမှုများဖြစ်ပေါ်

Last Updated:

ဥရောပနိုင်ငံ၏ နာမည်ကြီးအထည်ချုပ်ကုမ္ပဏီတစ်ခုသည် ၎င်း၏ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ အထည်ချုပ်အမှာများအား ပြန်လည်ရုတ်သိမ်းသွားကြောင်း သိရှိရပြီး ပြည်တွင်းတင်ပို့သူများအား အရောင်းထိခိုက်မှုများ ရှိခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံ ချုပ်ပြီးအထည်များတင်ပို့သူများ အသင်း၏ အမှုဆောင်ဒါရိုက်တာမှ ကုမ္ပဏီနာမည်အား ထုတ်ဖော်ပြောကြားခြင်းမရှိပဲ အမှာများအား ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး အဆိုပါနိုင်ငံများတွက် လုပ်ခ၊ လစာနှုန်း ပိုမို သက်သာ၍ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အထည်ချုပ်အသင်းအမှုဆောင်အရာရှိမှ ထိုသို့ ဥရောပ၏ နာမည်ကြီးကုမ္ပဏီတစ်ခုမှ အမှာများ ရုတ်သိမ်းသွားခြင်းသည် မိမိတို့အား များစွာထိခိုက်မှုဖြစ်ပေါ်စေကြောင်းနှင့် မိမိစက်ရုံတွင် အလုပ်သမားဦးရေ ၄၈၀၀ မှ ၆၀၀၀ ကြားရှိပါကြောင်း ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။ အလားတူ တိုင်းပြည်အနေဖြင့်လည်း တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှ ၃၀၀ ကြား ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ် ပထမ ၆ လပတ်အတွင်း အထည်ချုပ်ကဏ္ဍ၏ ပို့ကုန်ရငွေမှာ ၂၅ရာခိုင်နှုန်း ကျဆင်း ခဲ့ပါကြောင်းနှင့် ဖိနပ်၊ ခရီးဆောင်ပစ္စည်းများနှင့် အဝတ်အစားကဲ့သို့သောကုန်ပစ္စည်းများထုတ်လုပ်မှုတို့မှ ဖြစ်ကြောင်းဖော်ပြထားပါသည်။ မိမိတို့အနေဖြင့် လတ်တလော ဖြစ်ပေါ်ခဲ့သည့် လုပ်ခတိုးမြှင့် ခဲ့ခြင်းကြောင့်ဖြစ်ပြီး လက်ရှိတွင် အနည်းဆုံးလုပ်ခမှာ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာဖြစ်ပြီး အိမ်နားချင်းနိုင်ငံများတွင် အမေရိကန်ဒေါ်လာ ၆ ဒေါ်လာမှ ၇ ဒေါ်လာကြားသာ ပေးကြောင်းပြောကြားခဲ့ပါ သည်။

အမေရိကန်ဈေးကွက်တွင် ကျဆင်းသွားမှုက ကြီးစွာသက်ရောက်စေခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ၏ အထည်ချုပ်ကဏ္ဍမှပို့ကုန်ရငွေသည် ၂၀၂၃ ခုနှစ်တွင် ကျဆင်းခဲ့ပြီး အလားတူကာလနှင့် နှိုင်းယှဉ် ပါက ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ရှိပါကြောင်း ဖိလစ်ပိုင်နိုင်ငံခြားဝယ်သူများအသင်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် အသင်းအနေဖြင့် အထည်ချုပ်ကဏ္ဍမှ တင်ပို့မှု အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ခန့်နှင့် အိမ်ထောင် ပရိဘောဂနှင့် အိမ်တွင် အသုံးအဆောင်ပစ္စည်းကဲ့သို့သော ကုန်မာ ပစ္စည်းများ တင်ပို့မှုမှာ  အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့်နှစ်စဉ်ရှိကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွခြင်းနှင့် စီးပွားရေးကျဆင်ခြင်းတို့ကြောင့် လူအများစုအနေဖြင့် ဝယ်ယူမှုကို ကန့်သတ်လိုက်ကြပြီး မရှိမဖြစ် လိုအပ်သောပစ္စည်းများကိုသာ ဦးစားပေးဝယ်ယူခြင်းကြောင့် အဝတ်အထည်နှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို အမြန်ဆုံးထိခိုက်မှုဖြစ်စေပါကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။

 

 

Source: https://business.inquirer.net/413746/ph-loses-out-to-neighbors-over-big-garment-order#ixzz89HluMbj7

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines