China (Kunming)

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် ယဉ်ကျေးမှုလုပ်ငန်းမှ ဝင်ငွေပိုမိုရရှိ

Last Updated:

တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုကဏ္ဍသည် စီးပွားရေးပုံစံသစ်များ ထွက်ပေါ်လာသဖြင့် ယခင်နှစ် ဝင်ငွေအရ အဖြည်းဖြည်း တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များက ဖော်ပြနေသည်။

နိုင်ငံလုံးဆိုင်ရာ စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါယဉ်ကျေးမှုကဏ္ဍမှ အဓိကကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှု ဝင်ငွေသည် ယခင်နှစ်က ယွမ် ၁၆ ဒသမ ၅၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၉) သို့ရောက်ရှိခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ၁ ရာခိုင်နှုန်း မြှင့်တက်လာသည်ကို တွေ့ရသည်။

အဆိုပါလုပ်ငန်းများမှ အမြတ်အစွန်းသည် ၂၀၂၂ ခုနှစ်တွင် ယွမ် ၁ ဒသမ ၂၇ ထရီလီယံ သို့ ၂ ဒသမ ၈ ရာခိုင်နှုန်း မြှင့်တက်လာသည်ဟု နိုင်ငံလုံးဆိုင်ရာ စာရင်းအင်ဌာနက ပြောကြားခဲ့ သည်။

ဒစ်ဂျစ်တယ် ထုတ်ဝေခြင်းနှင့် ကာတွန်းရုပ်ရှင်များကဲ့သိုသော ထင်ရှားသောစီးပွားရေးပုံစံ သစ်များပါရှိသည့် ကဏ္ဍများမှ ဝင်ငွေသည် ယွမ် ၅ ဒသမ ၀၁ ထရီလီယံသို့ ၆ ဒသမ ရ ရာခိုင်နှုန်း တိုးလာသဖြင့် စုစုပေါင်းယဉ်ကျေးမှုကဏ္ဍမှ ဝင်ငွေ၏ ၃၀ ဒသမ ၃ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရသည်။

နှစ်စဉ် ဝင်ငွေ ယွမ် သန်း ၂၀ ကျော်ရှိသော ယဉ်ကျေးမှုကုမ္ပဏီများသည် ဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်း(R&D)အတွက် အသုံးစရိတ်မှာ ၂၀၂၂ ခုနှစ်တွင် ၁၅၂ ဒသမ ၉ ဘီလီယံ ရှိ လာသဖြင့် တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၄ ရာခိုင်နှုန်း မြှင့်တက်လာကြောင်း နိုင်ငံလုံးဆိုင်ရာ စာရင်းအင်းဌာန၏ စာရင်းများအရ သိရှိရသည်။

အရင်းအမြစ်။ http://www.chinadaily.com.cn/a/202307/02/WS64a10636a310bf8a75d6cbb1.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)