Thailand

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) အရ ကုန်သွယ်မှုများကို အွန်လိုင်းဖြင့် မြှင့်တင်သွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံ အစိုးရသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP)၏ တဖြည်းဖြည်းကျယ်ပြန့်လာမှုအဖြစ် အွန်လိုင်းဖြင့်ရောင်းချသည့် လမ်းကြောင်းများကို မြှင့်တင်သွားရန် အားပေးလျက်ရှိကြောင်း အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Rachada Dhnadirek က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံနှင့် RCEP နိုင်ငံများအကြား ကုန်သွယ်မှုသည် ယခုနှစ် ပထမ ၅ လအတွင်း ကြီးထွားလာပါကြောင်း၊ အထူးသဖြင့် ထိုင်း၏ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီးဖြစ်သော လယ်ယာထွက်ကုန်များဖြစ်ကြောင်း၊ အဓိကအားဖြင့် အာဆီယံ၊ တရုတ်နှင့် ဂျပန်တို့တွင် သိသိသာသာ မြင့်တက်သွားကြောင်း၊ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံမှာ ၁၅ နိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာ့ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်းဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

RCEP တွင်း ကုန်သွယ်မှုတွင် သကြား၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များနှင့် ပင်လယ်စာ စည်သွပ်ဗူးများအပြင် လတ်ဆတ်အသီး၊ အေးခဲအသီးနှင့် အသီးခြောက်များလည်း ပါဝင်ကြောင်း၊ မော်တော်ယာဉ်များ၊ ကားအလှဆင်ပစ္စည်းများနှင့် ရာဘာပစ္စည်းများလည်းပါဝင်ကြောင်း၊ RCEP ကုန်သွယ်ရေးခံစားခွင့်များမှာ ဇန်နဝါရီလမှ ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၄၂၂ သန်း ရှိခဲ့ပါကြောင်း၊ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်နှင့် ဩစတြေးလျတို့သို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် ထိုင်းသစ်သီးများကို အွန်လိုင်းဖြင့်ရောင်းချခြင်းအားဖြင့်လည်းမြှင့်တင်နေပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထိုင်းထုတ်ကုန်များကို e-commerce platform နှင့် ခေတ်မီကုန်သွယ်ရေးနည်းလမ်းများဖြင့် ချဲ့ထွင်နိုင်ရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းများအား ဆွေးနွေးနေပါကြောင်း Ms. Rachada Dhnadirek က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand