China (HongKong)

ဟောင်ကောင်ဒေသ၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာအတွက် ပြင်ပကုန်သွယ်မှု စာရင်းဇယား ထုတ်ပြန်

Last Updated:

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်/သွင်းကုန် တန်ဖိုးများ အသီးသီးမြင့်တက်လာပြီး ပို့ကုန်တန်ဖိုးအနေဖြင့် ယခင်နှစ်ကထက် ၁.၄ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၃၇၉.၉ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး ၂.၆ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၄၀၅.၆ ဘီလီယံ တိုးမြင့်ရောက်ရှိခဲ့ပြီး၊ ကုန်သွယ်မှုလိုငွေ ၂၅.၈ ဘီလီယံရှိသည်ဟု သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များတွင်ဖော်ပြထားပါသည်။

ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပို့ကုန်တင်ပို့မှုတန်ဖိုး ၁၁.၀ ရာခိုင်နှုန်း ကျဆင်းပြီး၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး ၈.၆  ရာခိုင်နှုန်းကျဆင်းကာ ကုန်သွယ်မှုလိုငွေ ၃၈၀.၂  ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။

နိုင်ငံ/ ဒေသအလိုက် ပို့ကုန်/သွင်းကုန် တိုးတက်မှုအခြေအနေအရကြည့်လျှင် အောက်တိုဘာလအတွင်း အာရှဒေသသို့ ပို့ကုန်တင်ပို့ ၅.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အာရှဒေသအတွင်း၌ ဟောင်ကောင်ဒေသ၏ အဓိက ပို့ကုန်ဈေးကွက်များဖြစ်သည့် အိန္ဒိယ (၂၈.၆ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၁၅.၂ ရာခိုင်နှုန်း)၊ ထိုင်းနိုင်ငံ (၁၃.၆ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၅.၆ ရာခိုင်နှုန်း) တို့သို့ ပို့ကုန်တင်ပို့မှုတန်ဖိုးမြင့်တက်ခဲ့ပြီး၊ ပို့ကုန်တန်ဖိုးကျဆင်း သည့် နိုင်ငံ/ဒေသများမှာ စင်ကာပူ (-၂၆.၈ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင် (-၁၈.၆ ရာခိုင်နှုန်း) နှင့် ထိုင်ဝမ် ( - ၆.၅ ရာခိုင်နှုန်း) တို့ဖြစ်ပါသည်။

အာရှဒေသပြင်ပ ဟောင်ကောင်ဒေသ၏ အဓိက ပို့ကုန်တင်ပို့ရာဒေသများဖြစ်သည့် နယ်သာလန် (- ၃၇.၁ ရာခိုင်နှုန်း)၊ ဗြိတိန် (- ၂.၀ ရာခိုင်နှုန်း) တို့သို့ တင်ပို့မှုကျဆင်းခဲ့ပြီး၊ အမေရိကန်သို့ တင်ပို့မှုမှာ ၀.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအပိုင်းတွင် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်တင်သွင်းရာ နိုင်ငံ/ဒေသများဖြစ်သည့် ထိုင်းနိုင်ငံ (၂၇.၇ ရာခိုင်နှုန်း)၊ စင်ကာပူ (၁၁.၈ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (၁၀.၇ ရာခိုင်နှုန်း)၊ မလေးရှား (၂.၇ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၂.၅ ရာခိုင်နှုန်း) တို့မှ သွင်းကုန်တင်သွင်းမှု တိုးတက်ခဲ့ပြီး၊ ဖိလစ်ပိုင် (-၃၇.၁ ရာခိုင်နှုန်း) နှင့် ကိုရီးယား (-၁၆.၆ ရာခိုင်နှုန်း) ကျဆင်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀) လတာ ကာလအတွင်း ဟောင်ဟောင်ဒေသ ၏ အဓိကပို့ကုန်ဈေးကွက်များဖြစ်သည့် စင်ကာပူ (-၂၃.၉ ရာခိုင်နှုန်း)၊ ဂျပန် (-၂၀.၁ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (-၁၄.၀ ရာခိုင်နှုန်း)၊ တရုတ်ပြည်မ (-၁၃.၇ ရာခိုင်နှုန်း)နှင့် အမေရိကန် (-၁၀.၅ ရာခိုင်နှုန်း) တို့သို့ ပို့ကုန်တင်ပိုမှုတန်ဖိုးများကျဆင်းခဲ့ပြီး၊ အာရပ်စော်ဘွားများပြည်ထောင်စုသို့ ပို့ကုန်တင်ပို့မှု တန်ဖိုး (၁၀.၈ ရာခိုင်နှုန်း) မြင့်တက်ခဲ့ပါသည်။

ကာလတူအတွင်း အဓိက သွင်းကုန်တင်သွင်းရာ နိုင်ငံ/ဒေသများ ဖြစ်သည့် ကိုရီးယား (-၂၉.၃ ရာခိုင် နှုန်း)၊ စင်ကာပူ (-၂၀.၈ ရာခိုင်နှုန်း)၊ ဗီယက်နမ် (-၁၈.၅ ရာခိုင်နှုန်း) ၊ မလေးရှား (-၁၆.၆ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင် (-၁၃.၀ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (-၅.၄ ရာခိုင်နှုန်း) တို့မှ သွင်းကုန်တင်သွင်းမှု တန်ဖိုးများ ကျဆင်းခဲ့ပါသည်။

ကုန်စည်အလိုက် ပို့ကုန်/သွင်းကုန်အတက်အကျအနေဖြင့် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်အောက်တိုဘာလအတွင်း non-ferrous metals သည် ပို့ကုန်တန်ဖိုး (၁၃၉.၈ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၄.၆ ဘီလီယံမြင့်တက်လာပြီး၊ office machines and automatic data processing machines ပို့ကုန်တန်ဖိုး (၁၁.၅ ရာခိုင်နှုန်း) မြင့်တက်လာပြီး ဟောင်ကောင်ဒေါ်လာ ၄.၅ ဘီလီယံ အထိ မြင့်တက်ခဲ့ပါသည်။ သို့သော်  electrical machinery, apparatus and appliances, and electrical parts thereof ပို့ကုန်တင်ပို့မှုတန်ဖိုး (-၃.၃ ရာခိုင်နှုန်း) တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၅.၉ ဘီလီယံ ကျဆင်းခဲ့ပါသည်။

သွင်းကုန်တင်သွင်းမှုတွင် ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်အုပ်စုများဖြစ်သည့် electrical machinery, apparatus and appliances, and electrical parts thereof တင်သွင်းမှုတန်ဖိုး (၄.၇ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၈.၀ ဘီလီယံ၊ telecommunications and sound recording and reproducing apparatus and equipment တင်သွင်းမှုတန်ဖိုး (၁၁.၅ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၆.၁ ဘီလီယံ တိုးတက်ခဲ့ပြီး၊ "office machines and automatic data processing machines များ တင်သွင်းမှုတန်ဖိုး (-၁၆.၁ ရာခိုင်နှုန်း) ၅.၆ ဘီလီယံ ကျဆင်းခဲ့ပါသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ အဓိကကုန်စည်အုပ်စုအလိုက် တင်ပို့/ တင်သွင်းမှုတွင် electrical machinery, apparatus and appliances, and electrical parts thereof ပို့ကုန်တင်ပို့မှုတန်ဖိုး (-၁၄.၀ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၂၆၃.၆ ဘီလီယံ နှင့် office machines and automatic data processing machines ပို့ကုန်တန်ဖိုး (-၁၉.၇ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၈၁.၈ ဘီလီယံအထိ ကျဆင်းခဲ့ပါသည်။

သွင်းကုန်အနေဖြင့်လည်း အဆိုပါ အဓိကကုန်စည်အုပ်စုများဖြစ်သည့် electrical machinery, apparatus and appliances, and electrical parts thereof တင်သွင်းမှုတန်ဖိုး  (-၁၃.၀ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၂၄၇.၀ ဘီလီယံနှင့် office machines and automatic data processing machines သွင်းကုန်တန်ဖိုး (-၂၅.၆ ရာခိုင်နှုန်း) ဟောင်ကောင် ဒေါ်လာ ၉၀.၂ ဘီလီယံအထိ ကျဆင်းခဲ့ပါသည်။

ယခင်နှစ်စာရင်းဇယားများနှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၌ ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုတန်ဖိုး အနည်းငယ်တိုးတက်လာသော်လည်း ဒေသ၏ ပို့ကုန်တင်ပို့မှု အခြေအနေမှာ အားနည်းသေးကြောင်း၊ တရုတ်ပြည်မနှင့် အမေရိကန်တို့သို့ ပို့ကုန်တင်ပို့မှု မြင့်တက်လာသော်လည်း အခြားတစ်ဖက်တွင် ဥရောပသမဂ္ဂသို့ တင်ပို့ သိသိသာသာကျဆင်း နေဆဲဖြစ်ကြောင်း၊ အာရှဒေသရှိ အဓိကဈေးကွက်များသို့ တင်ပို့မှုမှာလည်း အတက်အကျများရှိနေသေးသည်ဟု အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသပြင်ပဈေးကွက်များတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများမြင့်တက်လာခြင်းနှင့် ဘဏ္ဍာရေးကြပ်တည်းမှု အခြေအနေများကြောင့် ဒေသ၏ ပို့ကုန်တင်ပို့မှုအပေါ် ဖိအားဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ အဓိက ကုန်သွယ်ဖက်များဖြစ်သည့် တရုတ်ပြည်မနှင့် အမေရိကန်တို့သို့ ပို့ကုန်တင်ပို့မှုမြင့်တက်လာခြင်းကြောင့် ၁၇ လဆက်တိုက်ကျဆင်းခဲ့သည့် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုသည် အောက်တိုဘာလကုန်တွင် ပြန်လည်မြင့်တက်လာပြီး ယခင်နှစ် အလားတူကာလထက် ၁.၄ ရာခိုင် နှုန်းမြင့်တက်လာပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)