Vietnam

မလေးရှားနိုင်ငံအနေဖြင့် အွန်လိုင်းမှ ဝယ်ယူတင်သွင်းသော ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံသွားမည်

Last Updated:

မလေးရှားရှိ အွန်လိုင်းလက်လီရောင်းချသည့် ကုမ္ပဏီများသည် ရင်းဂစ် ၅၀၀ (၁၀၈.၆၄ ဒေါ်လာ) အောက်တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် တန်ဖိုးနည်းကုန်ပစ္စည်းခွန်များ (LVG) စတင်ကောက်ခံနေပြီဖြစ်ကြောင်း Vietnam Plus အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

အွန်လိုင်းစျေးဝယ်ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Shoppee မှ အရောင်းခွန်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကတည်းက စတင်ကောက်ခံနေပြီဖြစ် ကြောင်း၊  Shoppee အပြင် လာဇာဒါနှင့် တရုတ်အခြေစိုက် အွန်လိုင်းလက်လီရောင်းချသည့် ကုမ္ပဏီကြီး Aliexpress သည်လည်း တူညီသော အွန်လိုင်းအခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒေသတွင်း စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကိုပံ့ပိုးပေးရန် မလေးရှားအစိုးရ၏ အစပြုမှုနှင့်အညီအရောင်းခွန် အကောင်အထည်ဖော်ခြင်းကို စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ Shoppee သည် တန်ဖိုးနည်းသွင်းကုန် ပစ္စည်းများအတွက် အရောင်းခွန်ကောက်ခံခြင်းကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း Sea Limited Malaysia ၏အကြီးအကဲဖြစ်သူမှ ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ အွန်လိုင်းမှ ရောင်းချသော တန်ဖိုးနည်း ကုန်ပစ္စည်းများ (LVG) အတွက် ၁၀ ရာခိုင်နှုန်း အရောင်းခွန် ကောက်ခံမည်ဖြစ်ကြောင်း မလေးရှား အကောက်ခွန်ဦးစီးဌာနမှ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်။ အဆိုပါဌာနမှ စီးကရက်နှင့် ဆေးရွက်ကြီးအတွက် ပစ္စည်းများ၊ အရက်၊ အီလက်ထရောနစ် စီးကရက်နှင့် ဆေးလိပ်သောက်သုံးရာတွင် အသုံးပြုသည့် ပစ္စည်းများအားလုံးကို LVG ကုန်ပစ္စည်းအဖြစ် သတ်မှတ်ပြီး အွန်လိုင်းတွင် ရင်းဂစ် ၅၀၀ ထက်မပို သောနှုန်းဖြင့် ရောင်းချပြီး ကုန်လမ်း၊ ရေလမ်းသို့ လေကြောင်းမှ တင်သွင်းခြင်းတို့ပါဝင်ကြောင်း ဖော်ပြထားသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam