Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ သစ်သီးတင်ပို့မှုအား အီးယူထိ ဈေးကွက်ချဲ့ထွင်တင်ပို့ရန် ရည်ရွယ်ထား

Last Updated:

ဖိလစ်ပိုင် South Catabato မှ သစ်သီးစိုက်ပျိုးတင်ပို့နေသည့် Kablon Farms သည် အီးယူဈေးကွက်သို့ EU GSP+ အား အသုံးချလျက် တင်ပို့သွားနိုင်ရန် ရည်ရွယ်ထားပါကြောင်း ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၃-၁-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် သစ်သီးတင်ပို့မှုအား အီးယူထိ ဈေးကွက်ချဲ့ထွင် တင်ပို့သွားရန်ရှိပြီး တင်ပို့မည့် ကုမ္ပဏီများအနေဖြင့်လည်း ကြီးမား သော အခက်အခဲများလည်း ရှိနေပါကြောင်းနှင့် တင်ပို့ရမည့် လုပ်ငန်းစဉ်များအတွက် ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်နေကြောင်း ရေးသားဖော်ပြထားပါသည်။

Kablon Farms အနေဖြင့် လက်ရှိတွင် သစ်သီးများနှင့် အသီးအနှံများကို အခြေခံထုတ်လုပ်သည့် ကုန်ပစ္စည်းများကို ကနေဒါ၊ စင်ကာပူနှင့် အခြားနိုင်ငံများသို့ တင်ပို့လျက်ရှိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ Tupi, South Catabato အခြေစိုက် Kablon Farms သည် သစ်သီးဖြင့်ပြုလုပ်သည့် ယိုများ၊ ဂျယ်လီများ၊ ချောကလက်များ၊ အချိုရည်များ၊ အုန်းဆီ၊ ထောပတ်နှင့် အခြားစားသောက်ကုန်ပစ္စည်းများကို ထုတ်လုပ်လျက်ရှိပါကြောင်း၊ South Catabato တွင် လက်လီ အရောင်းစင်တာ (၃) ခုနှင့် Davao တွင် ဖြန့်ချိရေးစင်တာ (၁) ခုရှိပြီး အလုပ်သမားဦးရေ ၁၀၀ ကျော်အား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ ရောင်းချရမှု၏ ၉၀% မှာ ပြည်တွင်းရောင်းချမှုမှ ရရှိခြင်းဖြစ်ပြီး ကျန် ၁၀% မှာ ပြည်ပသို့တင်ပို့ခြင်းမှ ရရှိခြင်းဖြစ်ပါကြောင်း၊ ပြည်ပမှ ဖိလစ်ပိုင်နိုင်ငံ၏ သစ်သီးနှင့် ကိုကိုးအခြေခံထုတ်လုပ်သည့် ချောကလက်တို့အား ဝယ်ယူလိုမှု ပိုမိုများပြားလာသည့်အတွက် တိုးမြှင့်တင်ပို့နိုင်ရေး ရည်ရွယ်ထားခြင်းဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

EU GSP+ Scheme အား သက်တမ်းတိုးပေးခြင်းက ဖိလစ်ပိုင်နိုင်ငံအတွက် ဈေးကွက်အခွင့်အလမ်း ပိုမိုများပြားလာစေပါကြောင်း၊ အီးယူဈေးကွက်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ Cacao အား စိတ်ဝင်စားမှုရှိသဖြင့် EU GSP+ Scheme အား အသုံးချလျက် အီးယူဈေးကွက်သို့ ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသို့ ပေးအပ်ထားသည့် EU GSP+ Scheme သည် ၃၁-၁၂-၂၀၂၃ ရက်နေ့က သက်တမ်းကုန်ဆုံးသွားခဲ့ပြီးဖြစ်သဖြင့် နောက်ထပ် (၄) နှစ်သက်တမ်းတိုးပေးရန် အဆိုပြုတင်ပြထားပါကြောင်း၊ EU GSP+ Scheme သည် ဥရောပသမဂ္ဂမှ ဖွဲ့ဖြိုးဆဲနိုင်ငံများသို့ ပေးအပ်သည့် အခွန်သက်သာခွင့် အစီအစဉ်တစ်မျိုးဖြစ်ပြီး ကုန်သွယ်မှုတိုးမြှင့်ရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်စေရန်အတွက် ပေးအပ်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး အမျိုးအစား (၃) မျိုးရှိပါကြောင်း၊ GSP, GSP+ နှင့် Everything But Arms ဟူ၍ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် GSP+ Scheme အတွက်သတ်မှတ်ထားသည့် နိုင်ငံတကာလူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုဆိုင်ရာ စံနှုန်း (၂၇) နှင့် ကိုက်ညီမှုရှိပါကြောင်း ဖော်ပြပါရှိပါသည်။

လေ့လာတင်ပြချက်

ဖိလစ်ပိုင်နိုင်ငံမှ အဓိကအများဆုံးတင်ပို့လျက်ရှိသည်မှာ Coconut (Copra) or Palm Kernel Oil၊ Bananas including plantain, Dates, Figs, Pineapples, Avocados, Cashew nuts စသည်တို့ဖြစ်ပြီး အမေရိကန်၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ အီးယူနှင့် အခြားနိုင်ငံများသို့ တင်ပို့လျက်ရှိပါသည်။ အီးယူဈေးကွက်သို့ တင်ပို့မှုမှာ အဆင့် (၄) နေရာတွင်ရှိနေပြီး EU GSP+ Scheme အား နောက်ထပ် (၄) နှစ်သက်တမ်းတိုးရရှိပါက ယခုထက် ပိုမိုတင်ပို့နိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။  

 

Source; https://www.manilatimes.net/2024/01/04/business/corporate-news/ph-fruit-products-exporter-targets-

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines