Phillippines

အမေရိကန်နိုင်ငံမှစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှု စံချိန်တင်မြင့်တက်မည်ဟုခန့်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်ပို့သည့် ကုန်တင်သေတ္တာများ ၂၀၂၃ ခုနှစ်အတွင်း ပိုမိုဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်က သင်္ဘောတင်ပို့မှု စံချိန်ထက်မြင့်တက်ခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းက အိမ်ထောင်စုများ၏ အသုံး စရိတ်များ သုံးစွဲနိုင်မှု ပိုမိုအားကောင်းလာသည့်နည်းတူ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများပြားလာခြင်းကလည်း အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများအား တင်ပို့နိုင်သည့် နည်းလမ်းတစ်ခုဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၅၆ ဘီလီယံထိရောက်ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင်လည်း အမေရိကန် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအတွက် အခွင့်အရေးများပိုမိုရရှိခဲ့ပါကြောင်း US Department of Agriculture (USDA) ၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားပါသည်။

ထို့ပြင်ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများတင်ပို့မှု အများဆုံးနိုင်ငံများအနက် (၈) နိုင်ငံမြောက်နေရာတွင် ရပ်တည်လျက်ရှိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ဂျီဒီပီသည်၂၀၂၃ ခုနှစ်တွင် ၆% ခန့်ထိရှိလာနိုင်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် အလယ်အလတ်နှင့် ဝင်ငွေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ကြောင်း USDA မှ ခန့်မှန်းတွက်ချက်ထားပါသည်။ လေ့လာတွေ့ရှိချက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများနှင့် အခက် အခဲများရှိနေသည့်ကြားမှ စီးပွားရေးဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း မေခရိုစီးပွားရေးညွှန်းကိန်းများအား ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါကြောင်း ဖော်ပြထားပါသည်။

သို့ဖြစ်ပါ၍ ဖိလစ်ပိုင်နိုင်ငံ၏ Food and Beverage Manufacturing Sector တစ်ခုတည်းပင် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၁.၃ ဘီလီယံဖြင့် ၇% တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီက အဆင့်ထက် ကျော်လွန်နိုင်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း အစားအစာများ  အွန်လိုင်းမှ မှာယူစားသောက်ခြင်းနှင့် စားသောက်ဆိုင်များတွင် စားသောက်ခြင်းများ ပိုမိုမြင့်တက်လာပြီး အိမ်တွင်ချက်ပြုတ်စားသောက်ခြင်း လျော့နည်းလာခြင်းကလည်း အချက်တစ်ချက်အနေဖြင့် ပါဝင်ပါသည်။

Food Service Sales သည် အမေရိကန်ဒေါ်လာ ၁၄.၀၄ ဘီလီယံဖြင့် ၁၀% ထိ မြင့်တက်နိုင်သည်ဟုခန့်မှန်းပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါလျော့နည်းသွားခြင်းကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်လည်ပတ်လာခြင်းကြောင့် အပြင်တွင် စားသောက်မှုနှုန်းနှင့် အခမ်းအနားများလည်း ပိုမိုကျင်းပလာနိုင်ခြင်းတို့ကြောင့်လည်း ရောင်းအားများ ပြန်လည်မြင့်တက်နိုင်သည်ဟု ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများပြည်ပကုန်သွယ်မှုနှင့်စပ်လျဉ်း၍လေ့လာတင်ပြချက်

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ ပြည်ပကုန်သွယ်မှု (Foreign Trade for Agricultural Products) မှာ ၂၀၂၃ ခုနှစ်၊ ပထမ (၃) လပတ်တွင် အမေရိကန်ဒေါ်လာ ၅.၉၀ ဘီလီယံ၊ ဒုတိယ (၃) လပတ်တွင် အမေရိကန်ဒေါ်လာ ၅.၉၃ ဘီလီယံ၊ တတိယ (၃) လပတ်တွင် အမေရိကန်ဒေါ်လာ ၆.၂၀ ဘီလီယံ ရှိခဲ့ပါသည်။

စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်သွင်းမှုမှာ ၂၀၂၃ ခုနှစ်၊ ပထမ (၃) လပတ်တွင် အမေရိကန်ဒေါ်လာ ၄.၃၆ ဘီလီယံ၊ ဒုတိယ (၃) လပတ်တွင် အမေရိကန်ဒေါ်လာ ၄.၃၂ ဘီလီယံ၊ တတိယ (၃) လပတ်တွင် အမေရိကန်ဒေါ်လာ ၄.၅၉ ဘီလီယံ အသီးသီးရှိခဲ့ပြီး အဓိကတင်သွင်းနေသည့် ထိပ်တန်း စိုက်ပျိုးရေးကုန်ပစ္စည်းအုပ်စု (၅) မျိုးမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း-

          (က)    Cereals

          (ခ)     Residuals and waste from the food industries, prepared animal fodder

          (ဂ)     Miscellaneours edible prepartions

          (ဃ)    Meat and edible meat offal

          (င)     Dairy products       

စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများတင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၊ ပထမ (၃) လပတ်တွင် အမေရိကန်ဒေါ်လာ ၁.၅၅ ဘီလီယံ၊ ဒုတိယ (၃) လပတ်တွင် အမေရိကန်ဒေါ်လာ ၁.၆၁ ဘီလီယံ၊ တတိယ (၃) လပတ်တွင် အမေရိကန်ဒေါ်လာ ၁.၆၁ ဘီလီယံ အသီးသီးရှိခဲ့ပြီး အဓိကတင်ပို့နေသည့် ထိပ်တန်းစိုက်ပျိုးရေးကုန်ပစ္စည်းအုပ်စု (၅) မျိုးမှာအောက်ပါအတိုင်းဖြစ်ပါကြောင်း-

          (က)    Edible fruit and nuts

          (ခ)     Animal or vegetable fats and oils and their cleavage products

          (ဂ)     Preparations of vegetables, fruit, nuts or other parts of plants

          (ဃ)    Tobacco and manufactured tobacco substitutes

(င)     Prepartations of eat, of fish, or of crustaceans, molluscs and other aquatic invertebrates

စိုက်ပျိုးရေးပစ္စည်းများနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေသည့် အာဆီယံနိုင်ငံများမှာ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့ဖြစ်ပြီး အီးယူနိုင်ငံများအနေဖြင့် စပိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် ဂျာမနီနိုင်ငံ တို့ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ အဓိကတင်ပို့ခဲ့သည့် ကုန်ပစ္စည်း (၁၀) မျိုးမှာ Soybean Meal, Wheat, Dairy Products, Poultry Meat, Ethanol, Beef Products, Pork Products, Other Feed Meals, Processed Vegetables and Food Prepartions တို့ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

Source: https://business.inquirer.net/439689/record-high-us-agri-exports-to-ph-

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines