Vietnam

၂၀၂၄ တွင် အလုပ်အကိုင်ပေါင်း ၁၂၀,၀၀၀ ဖန်တီးရန် ဟနွိုင်းရည်မှန်း

Last Updated:

ဟနွိုင်းသည် ၂၀၂၄ ခုနှစ်တွင် အလုပ်အကိုင်သစ် ၁၂၀,၀၀၀ ကျော်ဖန်တီးပေးရန်နှင့် မြို့ပြများရှိ အလုပ်လက်မဲ့နှုန်းကို ၄ ရာခိုင်နှုန်းအောက်သို့ လျှော့ချရန် ရည်မှန်းထားကြောင်း မြူနီစပယ် အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဌာန၏ အဆိုအရ သိရှိရပါသည်။

ဟနွိုင်းမြို့တော်တွင် ဇန်န၀ါရီလအတွင်း အလုပ်အကိုင် ၁၅,၅၀၀ ကို ဖန်တီးပေးခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၂.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများတွင် လူပေါင်း ၂၃၅,၀၀၀ ကို လေ့ကျင့်သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း၊ လေ့ကျင့်သင်ကြားပေးမည့်နှုန်းကို ၇၄.၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားကြောင်း ဖော်ပြထားသည်။

ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်များ ပြည့်စုံစေရန်အတွက် အလုပ်သမားများအား အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးခြင်းနှင့် အလုပ်ရှင်များ ချိတ်ဆက်နိုင်ရန် အလုပ်အကိုင်ဆိုင်ရာပြပွဲများ ကျင်းပပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ ငုယင်တေးနမ်ထံမှ သိရသည်။

အလုပ်အကိုင် ဖန်တီးပေးရန်အတွက် ဆင်းရဲနွမ်းပါးသောအုပ်စုများကို အရင်းအနှီး ထုတ်ပေးရန် ချေးငွေရန်ပုံငွေခွဲဝေပေးမည်ဖြစ်သည်။ အခြားဖြေရှင်းရန်အချက်မှာ ခရိုင်နှင့် ရပ်ကွက်များတွင် အလုပ်အကိုင်များ တိုးမြှင့်ရန်၊ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ခေတ်မီစေရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဟနွိုင်း၏  အလုပ်အကိုင် အခွင့်အလမ်းဖန်တီးမှုအပေါ် သိသာထင်ရှားသော အပြုသဘောဆောင်သော သက်ရောက်မှုများ ရှိလာမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြရပါသည်။

 

 

Source: VN economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam