Germany

ဂျာမနီတွင် သွင်းကုန်စျေးနှုန်းများ သိသိသာသာကျဆင်း

Last Updated:

၂၀၀၉ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ငွေရေးကြေးရေး အကျပ်အတည်းဖြစ်ပြီးသည့်နောက်ပိုင်း ယခု ၂၀၂၃ ခုနှစ် ဧပြီလတွင်မှ စွမ်းအင်နှုန်းထားများ သက်သာလာပြီး ဂျာမန်သွင်းကုန် စျေးနှုန်းများ ဆိုင်ရာညွှန်းကိန်းတွင် အကြီးမားဆုံးသော ကျဆင်းမှုကို မြင်တွေ့ခဲ့ရသည်။ သွင်းကုန်ပမာဏသည် ယမန်နှစ်၏ အလားတူလနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှ ၇ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း German Statistical Office က ၂၀၂၃ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

တစ်ကမ္ဘာလုံးကို စီးပွားရေးထိခိုက်ကျဆင်းစေခဲ့သည့် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ငွေရေးကြေးရေး အကျပ်အတည်းသည် သွင်းကုန်စျေးနှုန်းများအား သိသာစွာ ကျဆင်းသွားစေခဲ့သည်။

ဈေးနှုန်းများကျဆင်းရခြင်း၏ တိကျပြတ်သားသောအချက်မှာ ယူကရိန်းစစ်ပွဲကြောင့် ယခင်နှစ်က စျေးနှုန်းများ အဆင့်တစ်ခုအထိ မြင့်တက်ခဲ့ခြင်း၏ မူလအခြေခံအကျိုးသက်ရောက်မှုဖြစ်သည်ဟု စာရင်းအင်းပညာရှင်များက ဖြစ်ပေါ်လာရသည့် အခြေအနေကို ရှင်းပြခဲ့ကြသည်။

Reuters သတင်းဌာနမှ စစ်တမ်းကောက်ယူခဲ့သော စီးပွားရေးပညာရှင်များက သွင်းကုန်ဈေးနှုန်း များမှာ  ၅.၈ ရာခိုင်နှုန်းခန့်သာကျဆင်းဖွယ်ရှိသည်ဟု ဆိုထားပါသည်။ လက်တွေ့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ တစ်နှစ်ထက် တစ်နှစ်ကျဆင်းလာခဲ့မှုသည် ယခုနှစ် မတ်လတွင်  အနှုတ် ၃.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီဖြစ်သည်။

လက်ရှိတွင် စွမ်းအင်တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်၊ ဧပြီလကထက် ၃၁.၈ ရာခိုင်နှုန်း စျေးသက်သာခဲ့ သည်။ ၃၈.၇ ရာခိုင်နှုန်းခန့် ဈေးနှုန်းများ ကျဆင်းနေသော သဘာဝဓာတ်ငွေ့ တင်သွင်းလာမှုသည် စွမ်းအင်တင်သွင်းမှု ဈေးနှုန်းကျဆင်းခြင်းအပေါ်အထောက်အကူဖြစ်စေခဲ့သည်။ ကျောက်မီးသွေး၊ လျှပ်စစ်ဓာတ်အား၊ ရေနံထွက်ပစ္စည်းများနှင့် ရေနံစိမ်းတို့သည်လည်း သိသိသာသာ ဈေးနှုန်းများသက်သာခဲ့သည်။

အခြားတစ်ဖက်တွင်မူ တင်သွင်းလာသည့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများသည် ၄​.၆  ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ထုတ်ကုန်များအပြင် အသားနှင့် အသားမှ ထုတ်လုပ်သောပစ္စည်းများ၏ ဈေးနှုန်းများသည်လည်း သိသာစွာ မြင့်တက်ခဲ့သည်။

The German Statistical Office သည် လူနေမှုစရိတ်နှင့် လူသုံးကုန်ပစ္စည်းစျေးနှုန်းများဆိုင်ရာ ပထမဆုံး တရားဝင်ခန့်မှန်းချက်တစ်ခုကို ၂၀၂၃ခုနှစ်၊ မေလ ၃၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ထုတ်ပြန်ရန် စီစဉ်ထားခဲ့သည်။

 

 

Source:   https://www.dw.com/en/germany-prices-for-imports-decreased-drastically/a-65776540

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany