Vietnam

ဗီယက်နမ်နိုင်ငံ Nha Trang ကမ်းခြေသည် အငြိမ်းစားများ အပန်းဖြေအနားယူရန် ထိပ်တန်းကမ်းခြေများတွင် အဆင့် ၈ နေရာတွင်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ Khanh Hoa ပြည်နယ်ရှိ Nha Trang ညချမ်းမြို့သည် လှပသည့်ကမ်းခြေတစ်ခုအဖြစ် နာမည်ကြီးပြီး အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဝန်ဆောင်မှု များကြောင့် အငြိမ်းစားယူသူများအတွက် ထိပ်တန်းကမ်းခြေနေရာ ၈ ခုထဲမှ တစ်ခုဖြစ်ကြောင်း US မဂ္ဂဇင်း Travel Leisure ၏ ဖော်ပြချက်အရ သိရှိရပါသည်။ ညချမ်းသည် ဟိုချီမင်းမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာနှင့် ဟနွိုင်းမြို့၏ တောင်ဘက် ကီလိုမီတာ ၁၂၀၀ ကျော်အကွာတွင် တည်ရှိပြီး ကာလရှည်နေထိုင်သည့် နိုင်ငံခြားသား ၄၀၀၀ ခန့် ရှိကြောင်းသိရှိရပါသည်။

ညချမ်းတွင် အဓိက ရာသီဥတုပုံစံ (၂) ခုရှိပြီး နွေရာသီမှာ ဇန်နဝါရီမှ ဩဂုတ်လအထိဖြစ်ပြီး မုတ်သုံရာသီသည် စက်တင်ဘာလမှ ဒီဇင်ဘာလအထိဖြစ်ကြောင်း ဖော်ပြထားသည်။

Travel Leisure ၏ အဆိုအရ ညချမ်းမြို့တွင် ယုံကြည်စိတ်ချရသော အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ ညအလှအပများနှင့် အရသာရှိသော အစားအစာများရှိသကဲ့သို့ အပန်းဖြေခြင်းအတွက် ပန်းခြံများမှ တောင်တက်ခြင်းနှင့် လှေစီးခြင်းအထိ ပြုလုပ်နိုင်သည့် သွားရလာရ လွယ်ကူသည့်မြို့ဖြစ်ကြောင်း သိရှိရပါသည်။

ဆောင်းပါးတွင် ဖော်ပြထားသည့် အခြားနေရာ ၇ ခုမှာ US ရှိ Carlsbad၊ Beaufort၊ Falmouth နှင့် Ponte Vedra၊ Belize ရှိ Ambergris Caye၊ Costa Rica ရှိ Quepos နှင့် Mexico ရှိ Mazatlán တို့ဖြစ်ကြောင်း သိရှိရပါသည်။

ညချမ်းသည် ကမ္ဘာတစ်ဝှမ်းရှိ အငြိမ်းစားများထံမှ စိတ်ဝင်စားမှုနှင့် အာရုံစိုက်မှုတို့ကို ရရှိစေမည်ဖြစ်ပြီး၊ လိုအပ်သော ဝန်ဆောင်မှုများအား ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ပံ့ပိုးပေးခြင်းဖြင့် ရည်ရွယ်ထားသော ဈေးကွက်အတွင်း ခရီးသွားအရေအတွက် တိုးမြှင့်ရရှိလာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြရပါသည်။

 

 

Source: Viet Nam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam