Phillippines

စိုက်ပျိုးရေးထွက်ကုန်များအား တရားမဝင်ကုန်သွယ်မှုပြုခြင်း၊ သိုလှောင်သိမ်းဆည်းထားခြင်းတို့အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် သမ္မတမားကို့စ်မှ ညွှန်ကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးနှောင့်နှေးမှု ဖြစ်ပေါ်စေနိုင်သည့် ကြက်သွန်နီနှင့်အခြားစိုက်ပျိုးရေး ထွက်ကုန်များအား မှောင်ခိုတင်သွင်းခြင်း၊ သိုလှောင်သိမ်းဆည်းထားခြင်းတို့အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် ဖိလစ်ပိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် တရားရေးဝန်ကြီးဌာနသို့ သမ္မတမားကို့စ်မှ ညွှန်ကြားခဲ့ပါသည်။ စုံစမ်းစစ်ဆေးမှုအား လွှတ်တော်အမတ် ဖြစ်သူ Ms.Stella Quimbo မှ ဦးဆောင် သွားမည်ဖြစ်ပြီး တွေ့ရှိချက်များအား ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်မှ စ၍ ၂၀၂၃ ခုနှစ် အစောပိုင်းကာလများအထိ ကြက်သွန်နီဈေးနှုန်းအား အဆမတန် ကြီးမြင့်သည်ထိ ဈေးနှုန်းကစားပြီး အရောင်း၊      အဝယ်ပြုလုပ်ရာတွင် ကုန်သွယ်မှုလမ်းကြောင်းတလျှောက် ပါဝင်သည့် ကုမ္ပဏီများမှတစ်ဆင့် အဓိကပါဝင်ပက်သက်နေသူမှာ Lilia Lea Cruz ဖြစ်သည်ဟု Ms.Stella Quimbo မှ စွပ်စွဲထားပါကြောင်း၊ Cruz သည် Philippines Vegetable Importers, Exporters and Vendors Association (PhilVIEVA) အား ဖွဲ့စည်းထားပြီး ကြက်သွန်နီ ကုန်သည်ကြီးများအသင်းအနေဖြင့် ဆောင်ရွက်သွားရန်အတွက်ဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့ပါ သည်။

လွှတ်တော်တွင်အဆင့်ဆင့်ဆွေးနွေးခဲ့ပြီးဖြစ်သဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လုံလောက်မှုရှိပြီ ဖြစ်ကြောင်းနှင့် ကြက်သွန်နီဈေးနှုန်းကစားခြင်း၏ နောက်ကွယ်တွင် ပါဝင်ပက်သက်နေသူများအား တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။

တချိန်တည်းမှာပင် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တရားမဝင်ကုန်သွယ်မှုအားတားဆီးရေး လုပ်ငန်းအဖွဲ့အား ဖွဲ့စည်းသွားမည်ဖြစ်ပြီး အစိုးရရှေ့နေကိုယ်စားလှယ်ပါဝင်မည်ဖြစ်ပြီး အဆိုပါလုပ်ငန်းအဖွဲ့အနေဖြင့် ကြက်သွန်နီလုပ်ငန်းကဏ္ဍတွင်သာမက စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးကို အကာအကွယ်ပြုသွားရန် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်တရားရေးဝန်ကြီးဌာနမှ ပြော ကြားခဲ့ပါသည်။

သီးခြားထုတ်ပြန်ကြေငြာချက်တွင် အစိုးရရှေ့နေချုပ်ရုံးနှင့် စုံစမ်းစစ်ဆေးရေးဌာနတို့မှ လုပ်ငန်းအဖွဲ့တွင် ကိုယ်စားလှယ်အနေဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ ပူးပေါင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ အလွန်ရှင်းလင်းပြီး တရားမဝင်ကုန်သွယ်မှုပြုလုပ်သည့် ကွန်ရက်အားဖြိုဖျက်သွားရန်နှင့် ပါဝင်ပက်သက်နေသူများအား တရားဥပဒေအရ အရေးယူသွားရန်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

Source; https://www.cnnphilippines.com/news/2023/7/4/Marcos-orders-probe-into-hoarding-smuggling-of-agriproducts.

(စီးပွားရေးသံမှူး၊ မနီလာ)

Category: Phillippines