Vietnam

Tan Son Nhat လေဆိပ်တွင် ယခုလအတွင်း လေကြောင်းခရီးစဉ်ပေါင်း ၆၅၀ ကျော် နှောင့်နှေးခဲ့ရ

Last Updated:

HCMC ရှိ Tan Son Nhat အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြူခိုးများကြောင့် လေယာဉ်ခရီးစဉ် ၆၅၀ ကျော် နှောင့်နှေးခဲ့ကြောင်း၊ HCMC ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများသို့ အစုလိုက်အပြုံလိုက် အားလပ်ရက်ခရီးသွားများ၏ ခရီးစဉ်များနှောင့်နှေးခဲ့ရကြောင်း The Sigon Times သတင်းဖော်ပြချက်အရ သိရှိရပါသည်။

Tan Son Nhat Airport Operations Center ၏ ကိန်းဂဏန်း အချက်အလက်များအရ အဆိုပါလေဆိပ်မှ ဖေဖော်ဝါရီလ ၁ ရက် ညသန်းခေါင်မှ ညနေ ၄ နာရီအထိ ပျံသန်းမှု ၁၁၀၀ ကျော်ကိုဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ခရီးစဉ်များအနက် လေယာဉ်ခရီးစဉ် ၆၅၉ ခု နှောင့်နှေးခဲ့ပြီး ခရီး စဉ်များ၏ ၆၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရှိရပါသည်။

Vietjet Air သည် လေယာဉ်ခရီးစဉ် ၂၅၇ ခု နှောင့်နှေးခဲ့ပြီး ၎င်း၏ စီစဉ်ထားသော ပျံသန်းမှု၏ ၇၄ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ အလားတူ ဗီယက်နမ်လေကြောင်းလိုင်းသည် လေကြောင်းခရီးစဉ် ၂၀၉ ခုနှောင့်နှေးခဲ့ပြီး စုစုပေါင်း၏ ၅၉ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ ယခုလအစောပိုင်းကတည်းက ရာသီဥတုဆိုးရွားမှုကြောင့် လေကြောင်းခရီးစဉ် ၄၀ ကို ဖျက်သိမ်းခဲ့ပြီး ၃.၆၃ ရာခိုင်နှုန်း ရှိကြောင်း VnExpress သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ကြောင်း သိရပါသည်။

မြောက်ပိုင်းပြည်နယ်များတွင် မြူများထူထပ်စွာနှင့် မြင်နိုင်စွမ်း နည်းပါးခြင်းကြောင့် ဖေဖော်ဝါရီလ ၁ ရက်မှစပြီး လေယာဉ်ပျံသန်းမှု နှောင့်နှေးမှုများ မြင့်တက်လာခဲ့ပြီး လေယာဉ်အများအပြားသည် သတ်မှတ်ချိန်အတိုင်း ဆင်းသက်နိုင်ခြင်း မရှိခဲ့ပေ။

သယ်ယူပို့ဆောင်ရေး ဒုဝန်ကြီး Le Anh Tuan မှ လေဆိပ်များနှင့် လေကြောင်းလိုင်းများအကြား ပျံသန်းမှု စီမံခန့်ခွဲမှုနှင့် လည်ပတ်မှုတွင် လေဆိပ်များနှင့် လေကြောင်းလိုင်းများအကြား ပိုမိုတင်းကြပ်စွာ ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး ပျံသန်းမှု နှောင့်နှေးမှုများကို တတ်နိုင်သမျှ လျှော့ချရန်နှင့် ပျံသန်းချိန်ဇယားများကို သင့်လျော်သလို စီစဉ်ပေးရန် လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယနေ့ ဖေဖော်ဝါရီလ ၄ ရက်၌ ပြည်တွင်း ခရီး သည် ၆၀,၀၀၀ ကို လက်ခံနိုင်မည်ဟု မျှော်လင့်ရကြောင်း၊ လေယာဉ်အဆင်းအတက် အများဆုံး အချိန်များတွင် လေဆိပ်သည် ခရီးသည် ၄,၀၀၀ နီးပါးကို တစ်ပြိုင်နက်တည်း လက်ခံနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source : The Sigon times

(စီးပွား‌ရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam