Vietnam

ဖိလစ်ပိုင်သည် ဗီယက်နမ်ပို့ကုန်များအတွက် အလားအလာရှိသော ဈေးကွက်တစ်ခုဖြစ်

Last Updated:

ဗီယက်နမ်ဆန်သည် ဖိလစ်ပိုင်၏ စုစုပေါင်း ဆန်တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းကျော်ရှိပြီး ဗီယက်နမ်နိုင်ငံနှင့် နီးစပ်သည့် ဆန်စားသုံးမှု အလေ့အထကြောင့် ဆန်တင်ပို့ရန်အတွက် အလားအလာကောင်းတစ်ခုဟုယူဆကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် လူဦးရေ ၁၁၃ သန်းရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၁၃၊ အာရှတွင် သတ္တမနှင့် အာဆီယံတွင် ဒုတိယအဆင့်ရှိကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နေသည့် ကုန်ပစ္စည်း ၃၅ မျိုးရှိပြီး၊ အဆိုပါ ပို့ကုန်များတွင် ဆန်နှင့် ရေထွက်ပစ္စည်းများ၊ မုန့်များ၊ တိရစ္ဆာန်အစာများ၊ ဘိလပ်မြေ၊ သံမဏိ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ အထည်အလိပ်နှင့် အထည်အလိပ်များ၊ စက်ယန္တရားများနှင့် စက်ကိရိယာများပါဝင်သည်။ တင်ပို့မှုများအနက် ဆန်တင်ပို့မှုသည် တင်ပို့မှုစုစုပေါင်း၏ ကြီးမား သောအစိတ်အပိုင်းအဖြစ် ပါဝင်လျက်ရှိသည်။

ဗီယက်နမ်ဆန်သည် ဖိလစ်ပိုင်၏ စုစုပေါင်းဆန်တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းကျော် ရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၃.၁ သန်း တင်ပို့ခဲ့ပြီး စုစုပေါင်း၀င်ငွေမှာ အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံ ရရှိကာ တစ်နှစ်ထက် တစ်နှစ် တန်ဖိုး ၁၇.၆ ရာခိုင်နှုန်း တိုးလာသော်လည်း ပမာဏမှာ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်နှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံ ရရှိခဲ့ပြီး၊ ပို့ကုန်မှ ဒေါ်လာ ၅.၁၅ ဘီလီယံ ရရှိကာ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN express international

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam