China (HongKong)

ဇန်နဝါရီလတွင် ဟောင်ကောင်ဒေသ၌ လက်လီရောင်းချမှု ၀.၉ ရာခိုင်နှုန်းမြင့်တက်

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း စုစုပေါင်း လက်လီရောင်းချမှု တန်ဖိုးမှာ ယခင်နှစ် အလားတူကာလထက် ၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဟောင်ကောင်ဒေါ်လာ ၃၆.၅ ဘီလီယံ ခန့်ဟု သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု အစိုးရသတင်းထုတ်ပြန်ချက်တွင်‌ ဖော်ပြထားပါသည်။

အဆိုပါ လက်လီရောင်းချမှုတွင် ၆.၅ ရာခိုင်နှုန်းပါဝင်သည့် အွန်လိုင်းမှ ရောင်းချမှုသည် တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၂.၄ ဘီလီယံဖြင့် ယခင်နှစ်ကထက် ၂၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

စားသုံးကုန်စည်များ၊ အဝတ်အထည်၊ ဆေးဝါးနှင့် အလှကုန်များ၊ မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ ပရိဘောဂများ၊အစိတ်အပိုင်းများ၊ သတင်းစာများ၊ စာရေးကိရိယာနှင့် လက်ဆောင်များ၊ မျက်မှန်ဆိုင်များ၏ အရောင်မြင့်တက်ခဲ့ပြီး၊ supermarkets တွင်ရောင်းချသော ကုန်စည်များ၏ အရောင်းမှာ ယခင်နှစ်ထက် ၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အရောင်းကျဆင်းခဲ့သည့် ကုန်စည်များတွင် အစားအစာ၊ အဖျော်ယမကာနှင့် ဆေးပေါ့လိပ်၊ လျှပ်စစ်ပစ္စည်းများနှင့် အခြားလူသုံးကုန် ကြာရှည်ခံကုန်စည်များ ၊ကုန်တိုက်များတွင် ရောင်းချသည့် ကုန်စည်များ၊ လောင်စာဆီများ၊ ဖိနပ်၊ အခြားသော အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ တရုတ်ဆေးဝါးများ ပါဝင်ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက လက်လီရောင်းချမှုတန်ဖိုးမှာ အစဉ်တစိုက်မြင့်တက်လျက်ရှိသော်လည်း တရုတ်နှစ်ကူးကာလသည် ဖေဖော်ဝါရီလ ဖြစ်သောကြောင့် တိုးတက်မှုမှာ ပုံမှန်နှုန်းသာဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ခရီးသွားလာမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဦးမော့လာခြင်းနှင့် mega events စီစဉ်ကျင်းပခြင်းတို့ကြောင့် ခရီးသွားလာရောက်မှု ဆက်လက်မြင့်တက်လာခြင်းသည် လက်လီရောင်းချမှုလုပ်ငန်းများကို အထောက်အကူပြုမည်ဖြစ်သကဲ့သို့ အိမ်ထောင်စုဝင်ငွေတိုးတက်လာခြင်းနှင့် သုံးစွဲမှုတိုးမြှင့်ရေးအတွက် အစိုးရဆောင်ရွက်ချက်များကြောင့်လည်း အဆိုပါလုပ်ငန်းများကို အထောက်အကူပြုမည်ဖြစ်သည်ဟု ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)