Germany

BIOFACH 2024 အား လာမည့်နှစ် ဖေဖော်ဝါရီလအတွင်း ဂျာမနီနိုင်ငံ၊ Nuremberg မြို့တွင် ကျင်းပမည်ဖြစ်

Last Updated:

Organic စားသောက်ကုန်များနှင့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ကမ္ဘာ့အကြီးဆုံး ထိပ်တန်းကုန်စည်ပြပွဲကြီးဖြစ်သည့် BIOFACH 2024 ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၁၃ ရက်မှ ၁၆ ရက်ထိ ဂျာမနီနိုင်ငံ၊ Nuremberg မြို့တွင် လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။

BIOFACH ကို Nuremberg Messe GmbH က ကြီးမှူး၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ၁၄-၂-၂၀၂၃ မှ ၁၇-၂-၂၀၂၃ ရက်အထိ ကျင်းပခဲ့သော BIOFACH 2023 သို့ နိုင်ငံပေါင်း (၁၃၅) နိုင်ငံမှ စိတ်ပါဝင်စားသူ (၃၆၀၀၀) နီးပါးခန့် လာရောက်ကြည့်ရှုလေ့လာခဲ့ကြပါသည်။

ယင်းကုန်စည်ပြပွဲကြီးတွင် နိုင်ငံပေါင်း (၉၅) နိုင်ငံမှ လာရောက်ပြသသူ (၂၇၆၅) ဦးက အော်ဂဲနစ် စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများကို ပြခန်းများနှင့် Digital event platform များဖြင့် ခင်းကျင်းပြသခဲ့ကြရာ နိုင်ငံတကာမှ အော်ဂဲနစ်စားသောက်ကုန်များနှင့် သဘာဝအလှကုန် ပစ္စည်းများထုတ်လုပ်သည့်စက်ရုံများမှ ကိုယ်စားလှယ်များအချင်းချင်း တွေ့ဆုံခွင့်ရရှိခဲ့ကြသဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ပြီး အနာဂတ်ကာလကို ပုံဖော်နိုင်ခဲ့ကြပါသည်။

၂၀၂၂ ခုနှစ်က ကျင်းပခဲ့သော BIOFACH 2022 သို့ မြန်မာနိုင်ငံမှ လက်ဖက်ကုမ္ပဏီများက ပြခန်းများ ခင်းကျင်းပြသခြင်းနှင့် Digital Event Platform များမှတစ်ဆင့် ပြသခြင်းများ ပါဝင်ဆောင်ရွက်ခဲ့သကဲ့သို့ Trade Visitors အဖြစ် ကြည့်ရှုလေ့လာမှုများလည်းရှိခဲ့ပါသည်။

BIOFACH တွင် အော်ဂဲနစ်ဈေးကွက်များမှ ထုတ်လုပ်သူများနှင့်တွေ့ဆုံခွင့်ရရှိနိုင်ပြီး အော်ဂဲနစ်ကဏ္ဍ၏ Latest Trends များကိုပါ စိတ်ပါဝင်စားစွာ လေ့လာနိုင်သဖြင့် မြန်မာနိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သော ကုမ္ပဏီများ အနေဖြင့် လာရောက်လေ့လာပြသသင့်သော ကုန်စည်ပြပွဲကြီး တစ်ခုဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။


Source: https://www.biofach.de/en

https://www.biofach.de/en/news/press-releases/2023-biofach-closing-report-o8jwq34kss_pireport

(စီးပွားရေးသံမှူး၊ ဘာလင်)

 

Category: Germany