Germany

ဂျာမနီနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း မတ်လတွင် ၇.၄ ရာခိုင်နှုန်း ထိ လျော့ကျသွား

Last Updated:

ဥရောပ၏ အကြီးဆုံးစီးပွားရေးနယ်ပယ်ဖြစ်သော ဂျာမနီနိုင်ငံတွင် စားသုံးသူစျေးနှုန်းများသည်  ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက မတ်လတွင် ၇.၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ခြင်းမှာ စွမ်းအင်ဈေးနှုန်းများ ကျဆင်းခြင်း၏ တစ်စိတ် တစ်ဒေသဖြစ်သည်။

ဂျာမနီတွင် ငွေကြေးဖောင်းပွမှုသည် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက မတ်လတွင် ၇.၄ ရာခိုင်နှုန်း သို့ လျော့ကျခဲ့ကြောင်း ဖက်ဒရယ်အစိုးရ Destatis Statistics Agency ၏ ရှေ့ပြေးစာရင်းတွင် ၃၀-၃-၂၀၂၃ ရက်နေ့က ဖော်ပြထား ခဲ့သည်။

ယင်းစာရင်းတွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့၏ ငွေကြေးဖောင်းပွမှုနှုန်းကို ၈.၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း  ဖော်ပြထားသည်။

ဘောဂဗေဒပညာရှင်အများစုက ဥရောပ၏အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် အမြင့်မားဆုံး အခြေအနေတစ်ခုကို ကျော်လွန်ခဲ့ပြီဟု ယုံကြည်လက်ခံထားခဲ့ကြသည်။ သို့သော် ယခုနှစ်အတွင်း စျေးနှုန်းများ အမြန်ကျဆင်းလာမည့်ကိစ္စကိုမူ ၎င်းတို့အနေဖြင့် မျှော်လင့်မထားပေ။

စားသောက်ကုန်ဈေးနှုန်းများမှာ  ပျမ်းမျှတိုးတက်မှုနှုန်းထက် ကျော်လွန်နေပါသည်။

စွမ်းအင်စျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုလည်း သိသိသာသာ လျော့ကျသွားကြောင်း The Federal Statistical Office (Destatis) က ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ မတ်လတွင် ရုရှားမှ ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် စွမ်းအင်စျေးနှုန်းများ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး၊ နောက်ပိုင်းတွင်  ၃.၅ ရာခိုင်နှုန်း သို့ တဖြည်းဖြည်း ကျဆင်းသွားခဲ့သည်။

သို့သော် စားသောက်ကုန်စျေးနှုန်းများမှာမူ ပြီးခဲ့သည့်နှစ် မတ်လနှင့်နှိုင်းယှဉ်ပါက ၂၂.၃ ရာခိုင်နှုန်း အထိရှိနေသဖြင့် ပျမ်းမျှတိုးတက်မှုနှုန်းကို ကျော်လွန်ပြသနေဆဲဖြစ်ကြောင်း Destatis Statistics Agency ထုတ်ဖော်ပြောကြား ခဲ့သည်။

နိုင်ငံအတွင်း ၎င်းတို့၏အိမ်ခြံမြေများကို ငှားရမ်းထားသည့် လူချမ်းသာအနည်းစုအတွက် ဖြစ်နိုင်ခြေရှိသော အနည်းငယ်သက်သာရာရမှုတစ်ခုမှာ နေအိမ်ငှားရမ်းခအပေါ် ငွေကြေးဖောင်းပွမှုမှာ စုစုပေါင်းနှုန်းထားများအောက် တွင် အခိုင်အမာရှိနေခဲ့ပြီး လပေါင်းများစွာအတွင်း ၂ ရာခိုင်နှုန်း ဝန်းကျင်၌  တည်ငြိမ်နေခြင်းပင်ဖြစ်သည်။

Source:   https://www.dw.com/en/german-inflation-eases-in-march-to-74/a-65185524# https://www.destatis.de/DE/Presse/Pressemitteilungen/2023/03/PD23_127_611.html

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany